ကိုရီးယားတွင် ပြည်ပလုပ်သား ၈၀% လုပ်ငန်းငယ်များတွင် အလုပ်ရ


26 December, 2023

ကိုရီးယားတွင် ပြည်ပလုပ်သား ၈၀% လုပ်ငန်းငယ်များတွင် အလုပ်ရ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

တောင်ကိုရီးယားတွင် အလုပ်အကိုင်ရရှိသည့် နိုင်ငံခြားသား အရေအတွက်သည် ယခုနှစ်တွင် ၁ သန်းနီးပါးအထိ စံချိန်သစ်တင် များပြားလာခဲ့သည်။ နိုင်ငံခြားသား လုပ်သားများတွင် ၈၀%ခန့်သည် လုပ်သားဦးရေ ၅၀ အောက် ရှိသည့် အသေးစား လုပ်ငန်းများတွင် အလုပ်ရရှိကြသည်။

တောင်ကိုရီးယားနိုင်ငံအတွင်း အသက် ၁၅ နှစ်နှင့်အထက် နိုင်ငံခြားသား အရေအတွက်သည် ၂၀၂၃ ခုနှစ် မေလအထိ ၁.၄၃ သန်းအထိ ရှိလာခဲ့ပြီး ၎င်းတို့အနက် ၉၂၃,၀၀၀ မှာ တောင်ကိုရီးယားတွင်  အလုပ်အကိုင် ရရှိထားကြောင်း Statistics Korea မှ ပြုစုထားသော အချက်အလက်များအရ သိရသည်။
ပြည်ပလုပ်သားများတွင် ၇၈.၈% သည် လုပ်သားဦးရေ ၅၀ အောက် ရှိသည့် အသေးစားလုပ်ငန်းများတွင် အလုပ်ရရှိထားသည်။
၁၈.၁% သည် လုပ်သားဦးရေ ၅၀ မှ ၂၉၉ အထိ ရှိသည့် ကုမ္ပဏီများတွင် အလုပ်ရရှိထားသည်။
လုပ်သားဦးရေ ၃၀၀ နှင့်အထက်ရှိသည့် ကုမ္ပဏီကြီးများတွင် အလုပ်ရရှိထားသူ ၃% သာ ရှိသည်။

လွန်ခဲ့သည့် တဆယ်နှစ်နှင့် ယခု ကွာခြားမှု အနည်းသာ ရှိသည်။
၂၀၁၂ ခုနှစ်တွင် ကုမ္ပဏီများတွင် အလုပ်ရသည့် ပြည်ပလုပ်သား ၃.၄% ရှိခဲ့သည်။
ကုမ္ပဏီအသေးစားများမှာ အလုပ်ရသည့် ပြည်ပလုပ်သား ၇၉.၁% ရှိခဲ့သည်။

 နိုင်ငံသားအရ ကြည့်လျှင် ယခုအခါ အများဆုံးမှာ တရုတ်နိုင်ငံသား ကိုရီးယားလူမျိုးများဖြစ်ပြီး ၃၅.၃% ရှိသည်။
ဗီယက်နမ်နိုင်ငံသားများသည် ဒုတိယအများဆုံး ဖြစ်ပြီး ၁၁.၃% ရှိသည်။
တတိယအများဆုံးမှာ တရုတ်နိုင်ငံသား တရုတ်လူမျိုးများဖြစ်ပြီး ၄.၉% ရှိသည်။ 

ဝင်ငွေအခြေအနေကိုကြည့်လျှင် နိုင်ငံခြားသား လုပ်သားများတွင် ၃၃ % ဝန်းကျင်သည် လစဉ်ဝင်ငွေ ဝမ် ၂ သန်း ($1,535)  နှင့် ၃ သန်းကြား ရရှိကြသည်။ 
ဝမ် ၃ သန်းအထက် ရရှိသူများ ၂၄.၄% ရှိသည်။

Source yonhap

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Labour Affairs Read 241 times