ဂျပန်မှ ပြည်ပလုပ်သား ၂ သန်းကျော် အချက်အလက်များ ဂျပန်အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်


28 January, 2024

ဂျပန်မှ ပြည်ပလုပ်သား ၂ သန်းကျော် အချက်အလက်များ ဂျပန်အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားဦးရေသည် ပထမဆုံးအကြိမ်အဖြစ် ၂ သန်းကျော်သို့ ရောက်ရှိပြီး စံချိန်သစ် တင်သည်။

ထိုသို့ ပြည်ပလုပ်သား စံချိန်တင် များပြားနေသော်လည်း အလုပ်သမား မလုံလောက်သည့် ပြဿနာကို ရင်ဆိုင်နေရဆဲဖြစ်ပြီး ၎င်းပြဿနာ ပိုမိုကြီးထွားလာနေဆဲ ဖြစ်သည်။

 

 အလုပ်သမား ဝန်ကြီးဌာနက သောကြာနေ့ (ဇန် ၂၆)တွင် အစီရင်ခံစာ ထုတ်ပြန်ကြေညာခဲ့ရာ၌ 

 

• ၂၀၂၃ ခုနှစ် အောက်တိုဘာလ လကုန်တွင် ဂျပန်မှာ ပြည်ပလုပ်သား ၂,၀၄၈,၆၇၅ ဦး ရှိနေသည်။

၂၀၂၂ ခုနှစ်ထက် ၂၂၅,၉၅၀ ဦး ပိုများသည်။

 

• COVID-19 ကပ်ရောဂါကာလအတွင်း လျော့နည်းသွားသည့် နည်းပညာဆိုင်ရာ သင်တန်းသားဦးရေ တိုးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

 

• နိုင်ငံခြားသား အလုပ်သမားများကို အလုပ်ခန့်သည့် အလုပ်နေရာ အရေအတွက်မှာ ၃၁၈,၇၇၅ အထိ တိုးလာခဲ့သည်။ ၎င်းအရေအတွက်သည်လည်း စံချိန်သစ် ဖြစ်သည်။  ၂၀၂၂ ခုနှစ်တွင် ၁၉,၉၈၅ သာ ရှိခဲ့သည်။

• နိုင်ငံရပ်ခြားသားများ အလုပ်ခန့်သည့် လုပ်ငန်းများတွင် ဝန်ထမ်းဦးရေ ၃၀ ထက်နည်းသည့် လုပ်ငန်းများသည် ရာခိုင်နှုန်းအားဖြင့် ၆၁.၉% ရှိပါသည်။

 

• တိုကျိုတွင် နိုင်ငံခြားသား အလုပ်သမားဦးရေ အများဆုံးဖြစ်ပြီး Aichi စီရင်စုသည် ဒုတိယအများဆုံးနှင့် Osaka စီရင်စုသည် တတိယအများဆုံး ဖြစ်သည်။

နိုင်ငံခြားအလုပ်သမားဦးရေသည် ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ် စံချိန်သစ်တင် မြင့်မားလာခဲ့သည်။ တိုးသည့် ရာခိုင်နှုန်းလည်း မြင့်တက်လာသည်။

• ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ်ထက် ၅.၅% တိုးခဲ့သည်။

• ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် ၁၂.၄% တိုးခဲ့ပါသည်။

 

ပြည်ပလုပ်သားများတွင် 

• ၂၅.၃% သည် ဗီယက်နမ် နိုင်ငံသားများဖြစ်ပြီး ၅၁၈,၃၆၄ ဦး ရှိသည်။ အများဆုံး ဖြစ်ပါသည်။

• ၁၉.၄% သည် တရုတ်နိုင်ငံသားများ ဖြစ်ပြီး ၃၉၇,၉၁၈ ဦး ရှိသည်။ ဒုတိယ အများဆုံး ဖြစ်ပါသည်။ 

• ၁၁.၁% သည် ဖိလစ်ပိုင်နိုင်ငံသားများဖြစ်ပြီး

၂၂၆,၈၄၆ ဦးရှိသည်။ တတိယ အများဆုံး ဖြစ်ပါသည်။

• အင်ဒိုနီးရှား၊ မြန်မာနှင့် နီပေါအပါအဝင် အခြားအာရှနိုင်ငံများမှ အလုပ်သမားများလည်း ၂၀၂၃ ခုနှစ်တွင် ပိုများလာခဲ့သည်။ အထူးသဖြင့် ကျွမ်းကျင် အလုပ်သမား မဟုတ်သော အမျိုးအစားတွင် ဖြစ်သည်။

• နိုင်ငံခြားအလုပ်သမားဦးရေသည် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမြင့်ဆုံးဖြစ်ပြီး စုစုပေါင်း၏ ၂၇ ရာခိုင်နှုန်း ဖြစ်ပါသည်။ 

 

• ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်သည့် နိုင်ငံခြားအလုပ်သမား အရေအတွက်သည် အများဆုံး တိုးမြလာခဲ့ပြီး ၂၄ ဒသမ ၁ ရာခိုင်နှုန်း ပိုများလာခဲ့သည်။

 

• လုပ်ကိုင်မှုအခြေအနေအရကြည့်လျှင်  အထူးပြုနှင့် နည်းပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်းပြုသူများသည် စုစုပေါင်း ၅၉၅,၉၀၄ ဦး ရှိသည်။

• နည်းပညာဆိုင်ရာ အလုပ်သင် ၄၁၂,၅၀၁ ဦး ရှိသည်။ 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 298 times