စက်ရုံသစ်များအတွက် ဗီယက်နမ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုး တိုးလာ


29 October, 2023

 စက်ရုံသစ်များအတွက် ဗီယက်နမ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုး တိုးလာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်တွင် ပြည်ပကုမ္ပဏီများက စက်ရုံအသစ်များ ထားရှိရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုနေကြခြင်းကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုး တိုးလာသည်။
အောက်တိုဘာလတွင် ၂၆ ရက်အထိ ပြည်ပရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များ ကန်ဒေါ်လာ ၅.၃ ဘီလီယံ ရရှိခဲ့သည်။
ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်လလျှင် ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၂.၂ ဘီလီယံသာ ရှိခဲ့သည်။
 

အောက်တိုဘာလတွင် စီးဝင်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် ၉၀% ဝန်းကျင်သည် ဗီယက်နမ်တွင် စက်ရုံအသစ်များ တည်ဆောက်ရန်အတွက် ဖြစ်သည်။ 

ယခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပတိကဝတ်များ ကန်ဒေါ်လည ၂၅.၇၆ ဘီလီယံ ရရှိထားသည်။ ယင်းတွင် လေးပုံသုံးပုံသည် ကုန်ထုတ်လုပ်ရေးနှင့် ပြုပြင်မွမ်းမံပြီး ကုန်ချောထုတ်လုပ်ရေးတို့အတွက် ဖြစ်သည်။ 
နိုင်ငံအလိုက်ကြည့်လျှင် တရုတ်နှင့် ဟောင်ကောင် နှစ်နိုင်ငံ စုစုပေါင်းသည် အများဆုံးဖြစ်သည်။ ဒုတိယ အများဆုံးမှာ စင်ကာပူဖြစ်ပြီး တတိယ အများဆုံးမှာ တောင်ကိုရီးယား ဖြစ်ပါသည်။ 

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Investment/Divestment Read 279 times