နိုင်ငံခြားကုမ္ပဏီများ တရုတ်နိုင်ငံရှိ ရင်းနှီးမြုပ်နှံမှုများကို တရုတ်ပြည် ပြင်ပသို့  ပြောင်းရွှေ့


22 June, 2023

နိုင်ငံခြားကုမ္ပဏီများ တရုတ်နိုင်ငံရှိ ရင်းနှီးမြုပ်နှံမှုများကို တရုတ်ပြည် ပြင်ပသို့  ပြောင်းရွှေ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

တရုတ်နိုင်ငံတွင် သူလျှိုဆန့်ကျင်ရေးဥပဒေ ချဲ့ထွင်ခြင်းနှင့် အခြားသောစိန်ခေါ်မှုများကြောင့် ယုံကြည်စိတ်ချရခြင်း ကျဆင်းလာပြီး နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုများကို တရုတ်နိုင်ငံ ပြင်ပသို့ ရွှေ့ပြောင်းကာ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နေကြကြောင်း၊ တရုတ်နိုင်ငံတွင် ထားရှိသည့် အာရှပစိဖိတ်ဒေအတွက် ရုံးချုပ်ကိုလည်း တရုတ်နိုင်ငံ ပြင်ပသို့ ရွှေ့ပြောင်းကြကြောင်း တရုတ်နိုင်ငံရှိ ဥရောပသမဂ္ဂ ကုန်သည်ကြီးများအသင်းမှ ဗုဒ္ဓဟူးနေ့(ဇွန် ၂၁)တွင် ပြောကြားသည်။
.
 ကုမ္ပဏီများသည် လုံခြုံရေးထိန်းချုပ်မှုများ၊ ၎င်းတို့၏ တရုတ်ပြိုင်ဘက်များကို အစိုးရ၏ အကာအကွယ်ပေးခြင်းနှင့် ပြုပြင်ပြောင်းလဲရေး ကတိပြုချက်များအပေါ် အရေးယူဆောင်ရွက်မှု ကင်းမဲ့ခြင်းအတွက် စိတ်မသက်မသာဖြစ်နေကြကြောင်း ဥရောပသမဂ္ဂ ကုန်သည်ကြီးများအသင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
 တရုတ်စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့်လည်း ၎င်းတို့ အခက်ကြုံနေရသည်။
.
တရုတ်နိုင်ငံအပေါ် စီးပွားရေးယုံကြည်မှုဟာ “ကျွန်တော်တို့ မှတ်တမ်းမှာ အနိမ့်ဆုံးပါပဲ” ဟု ဥရောပလွှတ်တော်ဥက္ကဋ္ဌ Jens Eskelund က အစီရင်ခံစာ မထုတ်ပြန်မီ သတင်းထောက်များအား ပြောကြားခဲ့သည်။
"လာမယ့်ငါးနှစ်အတွင်း စည်းမျဉ်းစည်းကမ်း‌ေတွက တကယ်တိုးတက်ကောင်းမွန်လာမယ်လို့ မမျှော်လင့်ကြဘူး" ဟု Eskelund မှ ပြောကြားခဲ့သည်။
.
တရုတ်သမ္မတ ရှီကျင့်ဖျင် အစိုးရသည် ယမန်နှစ်တွင် ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားသော စီးပွားရေးကြီးထွားနှုန်းကို တွန်းလှန်ရန် ကြိုးပမ်းနေပြီး နိုင်ငံခြားကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာများ ယူဆောင်လာစေရန် ကြိုးပမ်းလျက်ရှိသည်။
.
သို့သော် နိုင်ငံခြားကုမ္ပဏီများသည် လုံခြုံရေး စည်းမျဥ်းများအပေါ်  စိတ်မသက်မသာဖြစ်နေကြသည်။ ထို့ပြင် ကွန်ပြူတာချစ်ပ်များ၊ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ပျံများနှင့် အခြားနည်းပညာများကို ကမ္ဘာလုံးဆိုင်ရာ ပေးသွင်းသူများကို ယှဉ်ပြိုင်ရန်အတွက် ပြည်တွင်းကုမ္ပဏီပြိုင်ဖက်များ ဖန်တီးရန် အစီအစဉ်များနှင့် ပတ်သက်၍လည်း စိတ်မသက်မသာ ဖြစ်နေကြသည်။
၎င်းအစီအစဉ်ကို အကောင်အထည်ဖော်သည့်အခါ အစိုးရမှ အကုန်အကျခံပေးခြင်း၊ ဈေးကွက်ထဲတွင်  နိုင်ငံခြားကုမ္ပဏီများအတွက် အတားအဆီးများ ထားရှိခြင်းတို့ကို လုပ်ဆောင်လေ့ရှိသည်။ အမေရိကန်နှင့် အီးယူတို့က တရုတ်အစိုးရသည် လွတ်လပ်စွာ ကုန်သွယ်ဖို့ ကတိကဝတ်များကို ချိုးဖောက်သည်ဟု ပြောကြားကြသည်။

ဥရောပကုန်သည်ကြီးများအသင်း၏ စစ်တမ်းကို ဖြေကြားသော ကုမ္ပဏီ ၅၇၀ တွင် "တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်ရတာ ပိုခက်ခဲလာတယ်"ဟု ဖြေဆိုသူ  ကိုဗစ်ကာလမတိုင်ခင်က ထက်ဝက်ဝန်းကျင်သာ ရှိပြီး ယခုအခါ သုံးပုံနှစ်ပုံ ရှိလာသည့်အထိ ပိုများလာသည်။
.
စီးပွားရေးပတ်ဝန်းကျင်က “နိုင်ငံရေးဆန်တေတယ်”ဟု ဖြေဆိုသူသည် ယမန်နှစ်က ထက်ဝက်ဝန်းကျင်သာ ရှိပြီး ယခုအခါ  ငါးပုံသုံးပုံ ဖြစ်လာသည်။
အဘယ်ကြောင့် ဆိုသည်ကို ရှင်းပြချက်မရှိဘဲ အတိုင်ပင်ခံလုပ်ငန်း နှစ်ခု Bain & Co. နှင့် Capvision နှင့် ကုမ္ပဏီ စိစစ်ရေးလုပ်ငန်း Mintz Group တို့၏ ရုံးများကို ရဲများက ဝင်ရောက်စီးနင်းခဲ့ခြင်းသည် ကုမ္ပဏီများကို ထိတ်လန့်စေခဲ့သည်။
.
တရုတ်အစိုးရ၏ ကိုယ့်ကိုကိုယ်အားကိုးမှု မြှင့်တင်ရေးနှင့်ပတ်သက်၍လည်း ကုမ္ပဏီများသည် စိတ်မသက်မသာ ဖြစ်နေကြသည်။ ရှီ၏ အစိုးရသည် ထုတ်လုပ်သူများ ဆေးရုံများနှင့် အခြားကုမ္ပဏီများအား ၎င်းတို့၏ ကုန်ကျစရိတ်များ ပိုမိုကုန်ကျပါသည် ဆိုလျှင်လည်း တရုတ်ပေးသွင်းသူများကိုသာ အသုံးပြုရန် ဖိအားပေးလျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့၏ စျေးကွက်ပိတ်ခံရမည်ကို စိုးရိမ်နေကြသည်။
Source khmertimeskh
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 336 times