ပြည်ပစီးပွားရေးလုပ်ငန်း အသင်းအဖွဲ့များက နိုင်ငံခြားငွေထိန်းချုပ်ခြင်း ကန့်ကွက်ကြောင်းပူးတွဲထုတ်ပြန်


09 April, 2022

ပြည်ပစီးပွားရေးလုပ်ငန်း အသင်းအဖွဲ့များက နိုင်ငံခြားငွေထိန်းချုပ်ခြင်း ကန့်ကွက်ကြောင်းပူးတွဲထုတ်ပြန်

 

မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ပြည်ပစီးပွားရေးလုပ်ငန်း အသင်းအဖွဲ့များက  နိုင်ငံခြားငွေ ထိန်းချုပ်မှုအပေါ် မတ်လ ၈ ရက်မှာ ကန့်ကွက်စကား ဆိုခဲ့ကြပါတယ်။ နိုင်ငံခြားငွေများကို ကျပ်အဖြစ်သို့ အလုပ်လုပ်ရက် တစ်ရက်အတွင်း ပြောင်းလဲဖို့ အမိန့်ထုတ်ပြန်ခဲ့ခြင်းနှင့် စပ်လျဉ်း၍  ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး အီတလီ၊ ပြင်သစ်၊ ဂျပန်၊ အမေရိကန်၊ ဂျာမနီ အစရှိတဲ့ နိုင်ငံများမှ လုပ်ငန်းရှင်အသင်းအဖွဲ့များ ပါဝင်ပါတယ်။
 
နိုင်ငံတကာစီးပွားရေး လုပ်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများသည်  ကမ္ဘာလုံးဆိုင်ရာလက်ခံထားသောငွေကြေးများ အထူးသဖြင့် အမေရိကန် ဒေါ်လာကို အသုံးပြုမှုပေါ်တွင် မူတည်ကြောင်း ကြေညာချက်မှာ ရှင်းပြထားပါတယ်။


 နိုင်ငံခြားငွေ သုံးစွဲခွင့်ဟာ ကမ္ဘာတစ်လွှား ချိတ်ဆက်ထားတဲ့ ငွေကြေးစနစ်ထဲမှာ ရှိနေတဲ့ စီးပွားရေး လုပ်ငန်းအဖို့ မရှိမဖြစ် လိုအပ်ကြောင်း ထောက်ပြထားပါတယ်။ 

ယခုလို အလုပ်လုပ်ရက် တစ်ရက်အတွင်း နိုင်ငံခြားငွေကို ကျပ်သို့ ပြောင်းလဲစေတဲ့အတွက် 
မြန်မာလူထုရဲ့ လူနေမှုအဆင့်အတန်းကို မလိုအပ်ဘဲ နိမ့်ကျစေခြင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုများကို ရပ်တန့်စေခြင်း၊ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံများ FDIs စီးဝင်မှု ဂရပ်တန့်ခြင်း၊ အခြားနိုင်ငံများနှင့် ကုန်သွယ်မှု အဆင်မပြေခြင်း တို့ ဖြစ်ပေါ်နေပြီး မြန်မာကို ကမ္ဘာ့စီးပွားရေးနှင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ်နှင့် ချိတ်ဆက်မှု ပြတ်တောက်စေမည် ဖြစ်ကြောင်း သတိပေးထားပါတယ်။

laprensalatina.com

Banking & Loan Laws and Regulations Read 10579 times