Forbes ၂၀၂၃ ထိုင်း အချမ်းသာဆုံး ၅၀ စာရင်း ထုတ်ပြန်


08 July, 2023

Forbes ၂၀၂၃ ထိုင်း အချမ်းသာဆုံး ၅၀ စာရင်း ထုတ်ပြန်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Forbes က ထိုင်း ၂၀၂၃ ထိပ်တန်း(၁၀)  ဘီလျံနာစာရင်း ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့ ၁၀ ဦး စုစုပေါင်းက ထိုင်းနိုင်ငံ GDP ၏  ၂၅% ရှိပြီး ၂၀၂၂ ခုနှစ်မှာ စုစုပေါင်း ကန်ဒေါ်လာ ၄၈၅ ဘီလီယံ ရှိပါသည်။
 


ထိုင်းနိုင်ငံ၏ အကြီးဆုံး လုပ်ငန်းစုဖြစ်သော CP ၏  Chearavanont သည် အချမ်းသာဆုံးအဖြစ် ဆက်လက်ရပ်တည်နေသည်။
.
Forbes ၏ ထိုင်း အချမ်းသာဆုံး (၅၀) စာရင်းတွင် ပါဝင်သူတို့၏ စုစုပေါင်း ကြွယ်ဝမှုတန်ဖိုး ကန်ဒေါ်လာ ၁၇၃ ဘီလီယံ ရှိသည်။
.
Chearavanont ညီအစ်ကိုများသည် ယခုနှစ် အစောပိုင်းတွင် ဆက်သွယ်ရေး လုပ်ငန်းကြီးနှစ်ခု  ဖြစ်သော True နှင့် Total Access Communications (Dtac) တို့ကို ကုမ္ပဏီ တစ်ခုတည်းအဖြစ်သီု့ ပေါင်းစည်းနိုင်ခဲ့ကြသည်။ ၎င်းတို့၏ ကြွယ်ဝမှု ယမန်နှစ်က ကန်ဒေါ်လာ ၇.၅ ဘီလီယံ ရှိခဲ့ပြီး ယခုနှစ်တွင် ကန်ဒေါ်လာ ၃၄ ဘီလီယံသို့ ခုန်တက်သွားသည်။
.
Chalerm Yoovidhaya ၏ Red Bull အားဖြည့်အချိုရည်  ၂၀၂၂ တစ်နှစ်တာ ရောင်းအားသည် ကမ္ဘာတလွှား ဘူး စုစုပေါင်း ၁၁.၆ ဘီလီယံ ရှိခဲ့သဖြင့် ဝင်ငွေ ကန်ဒေါ်လာ ၁၀ ဘီလီယံ ကျော်လွန်သွားသည်။ Chalerm Yoovidhaya ၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၇ ဘီလီယံ တိုးသွားသည်။
နံပါတ်(၂) အချမ်းသာဆုံးနေရာကို ကြွယ်ဝမှု ကန်ဒေါ်လာ ၃၃.၄ ဘီလီယံဖြင့် ရပ်တည်နေသည်။
.
 Thai Beverage ၏ Charoen Sirivadhanabhakdi သည် ကြွယ်ဝမှု ကန်ဒေါ်လာ ၁၃.၆ ဘီလီယံဖြင့် တတိယနေရာ ရရှိသည်။ ၂၀၂၂ ခုနှစ်ကထက် ကန်ဒေါ်လာ ၂.၄ ဘီလီယံ တိုးသည်။

Central Group ၏ Chirathivat မိသားစုသည် ယခင် နံပါတ်(၅) မှ နံပါတ်(၄) သို့ ရောက်ရှိလာသည်။ ကြွယ်ဝမှု ယမန်နှစ်က ကန်ဒေါ်လာ ၁၀.၆ ဘီလီယံ ရှိခဲ့ပြီး ယခု ကန်ဒေါ်လာ ၁၂.၄ ဘီလီယံ ရှိသည်။ 
 
ပဉ္စမနေရာတွင် Gulf Energy Development ၏ စွမ်းအင်ဘီလျံနာ Sarath Ratanavadi ရပ်တည်နေသည်။ ယမန်နှစ် ကြွယ်ဝမှု ကန်ဒေါ်လာ ၁၁.၁ ဘီလီယံ ရှိခဲ့ပြီး ယခု ကန်ဒေါ်လာ ၁၁.၃ ဘီလီယံ ရှိသည်။ ကြွယ်ဝမှု အနည်းအကျဉ်းသာ တိုးသည်။

ထိပ်တန်း(၁၀) စာရင်းဝင်များတွင် ကြွယ်ဝမှု ၂ ဆ ကျော် တိုးခဲ့သူမှာ အဌမနေရာမှ Atiyawatt Srivaddhanaprabha ဖြစ်သည်။ ၎င်း၏ မိသားစုသည် duty-free ဆိုင်များ ဖွင့်လှစ်သည့် King Power International ကို ပိုင်ဆိုင်သည်။ ကြွယ်ဝမှု ၂ ဆကျော် တိုးပြှီး ကန်ဒေါ်လာ ၃.၅ ဘီလီယံ ဖြစ်လာသည်။

 


ထိုင်းနိုင်ငံ အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦး

1. Chearavanont Brothers - $34 billion
2. Chalerm Yoovidhya - $33.4 billion
3. Charoen Sirivadhanabhakdi - $13.6 billion
4. Chirathivat Family - $12.4 billion
5. Sarath Ratanavadi - $11.3 billion
6. Vanich Chayawan - $3.9 billion
7. Prasert Prasarttong-Osoth - $3.8 billion
8. Aiyawatt Srivaddhanaprabha - $3.5 billion
9. Somphote Ahunnai - $3 billion
10. Osathanugrah Family - $2.5 billion

Source forbes


Forbes ၏ ထိုင်း အချမ်းသာဆုံး (၅၀) စာရင်း အပြည့်အစုံ

https://www.forbes.com/lists/thailand-billionaires/?sh=65bbac91223e


 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global News Read 378 times