လော့ဒေါင်းများ ဆက်ရှိနေပြီးလစာမြင့်တက်သဖြင့်ဖိနပ်ချုပ်လုပ်ငန်းများ တရုတ်မှဗီယက်နမ်သို့ ရွှေ့ပြောင်း


23 October, 2022

လော့ဒေါင်းများ ဆက်ရှိနေပြီး လစာမြင့်တက်သဖြင့် ဖိနပ်ချုပ်လုပ်ငန်းများ တရုတ်မှ ဗီယက်နမ်သို့ ရွှေ့ပြောင်း

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

 ဗီယက်နမ်တွင် ဖိနပ်လုပ်ငန်းကဏ္ဍသည် နိုင်ငံ၏ တတိယအကြီးဆုံး ပို့ကုန်ကဏ္ဍဖြစ်သည်။
.
ဖိနပ်လုပ်ငန်းကဏ္ဍသည် လွန်ခဲ့သော ဆယ်နှစ်တာအတွင်း ကိုဗစ်ကာလ ကြီးထွားမှု တန့်နေခဲ့သည်မှအပ အဆက်မပြတ် ကြီးထွားလာခဲ့သည်။ 
၂၀၃၁ ခုနှစ်တွင် အရွယ်အစား နှစ်ဆ တိုးလာလိမ့်မည်ဟု ခန့်မှန်းထားပါသည်။
ယခုအခါ ဖိနပ်ချုပ်လုပ်ငန်းများ တရုတ်နိုင်ငံမှ ထွက်ခွာကြပြီး ဗီယက်နမ်နိုင်ငံသို့ ပြောင်းရွှေ့လာကြသဖြင့် ဗီယက်နမ် ဖိနပ်လုပ်ငန်းကဏ္ဍ ကြီးထွားလျက်ရှိသည်။
ဖိနပ်ချုပ်လုပ်ငန်းများသည် လုပ်သားခ သက်သာသည့်အပြင် နိုင်ငံတကာဈေးကွက်မှာ ပိုမိုတွင်ကျယ်နိုင်သည့် နိုင်ငံကို ရှာဖွေကြရာ ဗီယက်နမ်နိုင်ငံကို မျက်စိကျကြသည်။
သားရေထည်နှင့် ခြေစီး ပြည်ပတင်ပို့မှုတွင် တရုတ်နိုင်ငံသည် အများဆုံးဖြစ်ပြီး ဗီယက်နမ်သည် ဒုတိယ အများဆုံး ဖြစ်သည်။ နှစ်စဉ် ကမ္ဘာတစ်လွှားသို့ ခြေစီးအမျိုးမျိုး အရံစုစုပေါင်း ၁ ဘီလီယံ ဝန်းကျင် တင်ပို့လျက်ရှိရာ၌ ဥရောပသို့ အများဆုံး တင်ပို့ပါသည်။
 .
၂၀၂၁ ခုနှစ် နှစ်ကုန်တွင် ဗီယက်နမ်နိုင်ငံမှာ ဖိနပ်ချုပ်လုပ်ငန်းခုရေ စုစုပေါင်း ၂,၂၀၀ ခန့် ရှိပါသည်။ ဖိနပ်ချုပ်လုပ်ငန်း အများစုသည် ဟိုချီးမင်းစီးတီး တစ်ဝိုက်တွင် တည်ရှိပါသည်။ သားရေထည်နှင့် ခြေစီး ပြည်ပတင်ပို့မှုထံမှ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀.၇၈ ဘီလီယံ ရရှိခဲ့ပါသည်။ 
.
ကမ္ဘာ့အကြီးဆုံး ဖိနပ်ထုတ်လုပ်သည့်နိုင်ငံဖြစ်‌သော တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဖိနပ်အများဆုံး ဝယ်ယူသော ဈေးကွက်ကြီးလည်း ဖြစ်ပါသည်။ 
တရုတ်ပြည်မကြီးတွင် ဖိနပ်အတွက် ငွေသုံးစွဲမှု မမြင့်မားသော်လည်း ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် ဖိနပ်အတွက် ငွေသုံးစွဲမှု အမြင့်မားဆုံး ဖြစ်ပါသည်။ ၂၀၂၁ တွင် တစ်ဦးချင်းအရ per capita ၃၇၂ အမေရိကန်ဒေါ်လာ သုံးစွဲခဲ့သည်။
ထိုသို့ ဖိနပ်ဝယ်ယူမှု အများဆုံးဈေးကွက် ဖြစ်သော်ငြားလည်း လက်ရှိ ပထဝီဝင်နိုင်ငံရေး ပတ်ဝန်းကျင်၊ တရုတ်နိုင်ငံတွင် လစာများ တိုးမြင့်လာခြင်းနှင့် ကိုဗစ်သုည မူဝါဒကြောင့် ဖြစ်ပေါ်‌နေသော တင်းကျပ်သည့် လော့ဒေါင်းများကြောင့် ခြေစီးထုတ်လုပ်သူများသည် တရုတ်နိုင်ငံ ပြင်ပသို့ ပြောင်းရွှေ့ကြသည်။ ရလဒ်အဖြစ် တရုတ်နိုင်ငံ၏ အိမ်နီးနားချင်းနိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံသို့ ခြေစီးထုတ်လုပ်သူများ ရောက်ရှိလာကြသည်။

.
၂၀၂၁ စက်တင်ဘာလတွင် တရုတ်နိုင်ငံမှ ရှူးဖိနပ်ထုတ်လုပ်သည့် အချက်အချာဖြစ်သော ပုတိန်မြို့တွင် ကိုဗစ်လူနာ ၁၃၉ ဦး တွေ့သဖြင့် လော့ဒေါင်းချလိုက်သည်။ ပူတိန်တွင် ပြည်တွင်း အမှတ်တံဆိပ်များနှင့် နိုင်ငံတကာ အမှတ်တံဆိပ်များအတွက် ရှူးဖိနပ် ထုတ်လုပ်သည့် လုပ်ငန်း ၄,၂၀၀ အခြေစိုက်လုပ်ကိုင်နေပြီး လုပ်သားအက်အား စုစုပေါင်း ၅ သိန်းကျော် ရှိသည်။ ပူတိန်သည် နှစ်စဉ် ရှူးဖိနပ် အရံစုစုပေါင်း ၁.၃ ဘီလီယံ ထုတ်လုပ်သည်။ အဆိုပါ လုပ်ငန်းများအားလုံး လော့ဒေါင်းချထားသဖြင့် ကုန်ထုတ်လုပ်မှု ရပ်ထားကြရသည်။
.
လော့ဒေါင်းများကြောင့် ခြေစီးထုတ်လုပ်ရန် လိုအပ်သည့် ပစ္စည်းများ ပြတ်တောက်သည်ကိုလည်း ကြုံကြရသည်။ ခြေစီးထုတ်လုပ်သူတစ်ဦးသည် ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် ဖိနပ်စက်ရုံ လုပ်ကိုင်လျက်ရှိတာ တရုတ်ပြည်လော့ဒေါင်းများကြောင့် ဖိနပ်ချုပ်ရန် လိုအပ်သည့်ပစ္စည်းများကို တရုတ်နိုင်ငံမှ အချိန်မီ တင်ပို့နိုင်ခြင်း မရှိသဖြင့် ကုန်ထုတ်လုပ်မှု ရပ်ထားရသည်။
တရုတ်နိုင်ငံသည် အပြီးအစီး ချုပ်ပြီးသား ဖိနပ်အချောထည် ထုတ်ကုန်များအတွက် ထုတ်လုပ်မှုဗဟိုချက်ဖြစ်ခြင်းသာမက  ကမ္ဘာ့အခြားနေရာများတွင် ဖိနပ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းနှင့် သားရေတု ကဲ့သို့သော ပစ္စည်းများကိုလည်း တရုတ်နိုင်ငံက ထုတ်လုပ်သည်။
 .
ဗီယက်နမ်တွင်လည်း လော့ဒေါင်းချသဖြင့် ခြေစီး ထုတ်လုပ်သူများ ကုန်ထုန်လုပ်မှု ရပ်ထားရသည်။ ၂၀၂၁ တွင် လအတန်ကြာ ရပ်ထားခဲ့ရပါသည်။ 
ယခုအခါ ကုန်ထုတ်လုပ်ငန်းများအတွက် အဆင်ပြေမည့် လုပ်နည်းကိုင်ဟန်များကို ဗီယက်နမ် သုံးစွဲသည်။ 
၂၀၂၂ မတ်လ ၁၆ ရက်တွင် ဗီယက်နမ်နိုင်ငံထဲသို့ ၀င်ရောက်ရန် ကိုဗစ် ကန့်သတ်စည်းမျဉ်းများကို ဖျက်သိမ်းကြောင်းအစိုးမှ ကြေညာခဲ့သည်။
.
ခြေစီးထုတ်လုပ်သူများ တရုတ်နိုင်ငံမှ ထွက်ခွာသည့် နောက်ထပ် အဓိကအကြောင်းတရားတစ်ခုမှာ လုပ်သားခများ မြင့်တက်ခြင်း ဖြစ်သည်။ ဗီယက်နမ်တွင် လုပ်သားခ တရုတ်နိုင်ငံထက် ထက်ဝက်မက သက်သာသည်။ 
အကြမ်းအားဖြင့် တရုတ်နိုင်ငံတွင် လုပ်သားခသည် တစ်နာရီ US$6.50 ဖြစ်ပြီး ဗီယက်နမ်တွင် US$2.99 မျှသာ ဖြစ်ပါသည်။
.
 ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်များတွင် ခြေစီးလုပ်ငန်းကဏ္ဍမှ ပို့ကုန်များသည် တတိယအများဆုံး ဖြစ်သည်။ 
.
ဗီယက်နမ်ဖိနပ်တင်ပို့မှု၏ အဓိကဦးတည်ရာ နိုင်ငံများမှာ အမေရိကန် (အမေရိကန်ဒေါ်လာ ၆.၄၃ ဘီလီယံ)၊ တရုတ် (အမေရိကန်ဒေါ်လာ ၂.၂၄ ဘီလီယံ)၊ ဂျာမနီ (အမေရိကန်ဒေါ်လာ ၁.၀၃ ဘီလီယံ)၊ ဂျပန် (အမေရိကန်ဒေါ်လာ ၉၅၃ သန်း) နှင့် တောင်ကိုရီးယား (အမေရိကန်ဒေါ်လာ ၇၃၀ သန်း) တို့ ဖြစ်ပါသည်။
ဗီယက်နမ်၏ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ကြီးထွားမှုအမြန်ဆုံး ဖိနပ်ဈေးကွက်သည် တရုတ် (အမေရိကန်ဒေါ်လာ 272 သန်း)၊ ပိုလန် (အမေရိကန်ဒေါ်လာ 25.6 သန်း) နှင့် ထိုင်ဝမ် (အမေရိကန်ဒေါ်လာ 22.6 သန်း) တို့ဖြစ်သည်။ တရုတ်သို့ တင်ပို့မှု ကြီးထွားနှုန်း အများဆုံး ဖြစ်နေရသည်မှာ ခြေစီးထုတ်လုပ်သူများသည် တရုတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ပြောင်းရွှေ့ လုပ်ကိုင်ကြပြီး ဗီယက်နမ်တွင် ထုတ်လုပ်သော ခြေစီးများကို တရုတ်နိုင်ငံ ပြည်တွင်းဈေးကွက်သို့ ပေးပို့ကြသောကြောင့် ဖြစ်ပါသည်။ 
Nike နှင့် Adidas ကဲ့သို့သော အဓိက brand များသည် ဗီယက်နမ်ကို အဓိကကုန်ထုန်လုပ်မှုနေရာအဖြစ် သတ်မှတ်ထားသည်။
Nike အတွက် ခြေစီးများ ထုတ်လုပ်ပေးသူ ၁၀၀ ကျော် ဗီယက်နမ်တွင် ရှိသည်။ စက်ရုံ ၉၆ ရုံ ရှိသည်။ 
Adidas အတွက် ထုတ်လုပ်သည့် ခြေစီးများ၏ ၄၀% ဝန်းကျင်ကို ဗီယက်နမ်တွင် ထုတ်လုပ်သည်။ 
ဗီယက်နမ်နိုင်ငံ၏ နောက်ထပ်အားသာချက်မှာ အီးယူနှင့် လည်းကောင်း၊ အမေရိကန်နှင့်လည်းကောင်း ကုန်သွယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုးထားသဖြင့် အကောက်ခွန်နှင့် ကုန်သွယ်မှု အတားအဆီးများ လျော့နည်းပါသည်။ 
Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) တွင် ဩစတေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ ဗီယက်နမ်တို့ လပ်မှတ်ရေးထိုးထားသဖြင့် ကနေဒါနှင့် မက္ကဆီကို နိုင်ငံများသို့ ဗီယက်နမ်မှ ခြေစီးများ တင်ပို့မှု မြင့်တက်စေခဲ့ပါသည်။ 
Source aseanbriefing

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Export, Import Global News Read 1817 times