၃၂ ကြိမ်မြောက် ဆီးဂိမ်း တည်းခိုစရိတ်၊  အစားအသောက် အပါအဝင် အခမဲ့ အစီအစဉ်များ ပေးအပ်မည်


21 April, 2023

၃၂ ကြိမ်မြောက် ဆီးဂိမ်း တည်းခိုစရိတ်၊  အစားအသောက် အပါအဝင် အခမဲ့ အစီအစဉ်များ ပေးအပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၃၂ ကြိမ်မြောက် ဆီးဂိမ်းကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံက နည်းပြများနှင့် အားကစားသမားများ အားလုံးအတွက် တည်းခိုစရိတ်၊ သွားလာရေးနှင့် အစားအသောက် အခမဲ့ပံ့ပိုးမည်။ ထို့အတွက် တစ်ရက် ကန်ဒေါ်လာ ၅ သိန်းဝန်းကျင် ဝင်ငွေလျော့မည်။ 
 ၁၁,၂၄၆ ဦး တက်ရောက်ရန် စာရင်းပေးထားပြီး ယင်းတို့အနက် နည်းပြများနှင့် အားကစားသမားများ ၉,၀၀၀ ဦး ဝန်းကျင်ကို  ဝန်ဆောင်မှုများ အခမဲ့ ပေးအပ်ပါမည်။ ၎င်းတို့နှင့် အတူလိုက်ပါလာသူများ အကျုံးမဝင်ပါ။
 ယခင်ဆီးဂိမ်းပြိုင်ပွဲတွင် နည်းပြနှင့် အားကစားသမားများသည် အိမ်ရှင်နိုင်ငံ၌ နေထိုင်စဉ် တစ်ဦးလျှင် ဒေါ်လာ ၅၀ ပေးဆောင်ရန် လိုအပ်ပြီး ကမ္ဘောဒီးယားသည်   ဝန်ဆောင်မှုများ အခမဲ့ ပေးသည့် ပထမဆုံးနိုင်ငံဖြစ်လာမည်ဖြစ်သည်။

ပြည်တွင်း ပြည်ပမှ ကြည့်ရှုသူများအတွက် ပွဲများအားလုံး မည်သူမဆို ဝင်ကြေး အခမဲ့၊ အခမဲ့ ရုပ်သံထုတ်လွှင့်ခွင့်များလည်း ပေးအပ်မည်။

SEA Games လက်မှတ်ရောင်းလျှင် ထိရောက်စွာ အရေးယူမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က Telegram ချန်နယ်မှာ ပြောကြားသည်။

၃၂ ကြိမ်မြောက် SEA Games နှင့် ၁၂ ကြိမ်မြောက် ASEAN Para Games တို့ကို ပွဲကြည့် ပရိသတ်များ အခမဲ့ ကြည့်ရှုနိုင်ကြောင်း ကမ္ဘောဒီးယား အမျိုးသား ပွဲကျင်းပရေး ကော်မတီက ကြေညာသည်။

ထို့အပြင် အစိုးရသည်  အားကစားသတင်းများကို ပြည်တွင်းပြည်ပ အခမဲ့ ထုတ်လွှင့်ခွင့်ကိုလည်း ပေးထားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၎င်း၏ Telegram ချန်နယ်မှာ တင်ထား‌ေသာ အသံဖိုင်တွင် ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအပြင် ပြိုင်ပွဲကာလအတွင်း လက်မှတ်ရောင်းချခွင့် လုံးဝ ခွင့်ပြုမည် မဟုတ်ပါဟု သူက ပြောကြားသည်။ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဟုလည်း သတိပေးထားသည်။
SEA Games ကို အားကစား ၃၇ မျိုးဖြင့် မေလ ၅ မှ ၁၇ ရက်အထိလည်းကောင်း၊ ASEAN Para Games ကို အားကစား ၁၃ မျိုးဖြင့် ဇွန်လ ၃ ရက်မှ ၉ ရက်အထိ လည်းကောင်း ကျင်းပမည်။

မြန်မာနိုင်ငံက အားကစား ၁၉ မျိုး ယှဉ်ပြိုင်မည်။
အားကစားသမားများနှင့် နည်းပြများ ၄၆၀ ဦးကျော် စေလွှတ်မည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Investment/Divestment Read 324 times