အာဆီယံ ၅ နိုင်ငံ ဗဟိုဘဏ်များ ဒေါ်လာမသုံးသည့် နယ်ခြားဖြတ်ကျော် ငွေပေးချေမှု နားလည်မှု စာချွန်လွှာ လက်


15 November, 2022

အာဆီယံ ၅ နိုင်ငံ ဗဟိုဘဏ်များ ဒေါ်လာမသုံးသည့် နယ်ခြားဖြတ်ကျော် ငွေပေးချေမှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


.
အရှေ့တောင်အာရှ ဗဟိုဘဏ်ငါးခုသည် ဘာလီတွင် ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးမတိုင်မီ ဒေသတွင်း နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို နိုဝင်ဘာ ၁၄ ရက်က လက်မှတ်ရေးထိုးခဲ့သည်။
.
အဆိုပါ အာဆီယံငါးနိုင်ငံမှာ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့ ဖြစ်ပါသည်။
.
လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် အင်ဒိုနီးရှားဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Perry Warjiyo က ဒေသတွင်း ချိတ်ဆက်မှုအတွက် မြန်ဆန်သော တုံ့ပြန်မှု ကုဒ် quick response(QR)  code ကို အသုံးပြု၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
 ပြည်တွင်းသုံးငွေ လွှဲပြောင်းမှုများကိုလည်း အသုံးပြုမည် ဖြစ်သောကြောင့် အမေရိကန် ဒေါ်လာသို့ ပြောင်းလဲရန် မလိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
.
 အင်ဒိုနီးရှားသည်   QR ကုဒ်ကို အသုံးပြု၍ ငွေပေးချေမှုစနစ်ကို ယခုနှစ်အစောပိုင်းတွင် ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ခဲ့ပြီးပြီ ဖြစ်သည်။ အခြားနိုင်ငံများနှင့် မကြာမီတွင်လည်း အလားတူလုပ်ဆောင်မည်ဖြစ်ကြောင်း Warjiyo က ပြောကြားခဲ့သည်။
.
 သဘောတူညီချက်တွင် လက်လီငွေပေးချေမှုစနစ်များ ချိတ်ဆက်ခြင်း ပါ၀င်ပြီး လက်တွဲလုပ်ဆောင်မှုများကို လက်ကားအဆင့်နှင့် ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးများအထိ အဆင့်မြှင့်တင်ရန် အစီအစဉ်များ ရှိကြောင်း ၎င်းက ပြောကြားသည်။ 
Source: Reuters


 

Banking & Loan Read 1593 times