ကျောက်မီးသွေးစွမ်းအင်သုံး ကမ္ဘာ့ပထမဆုံးဒုံးပျံကို တရုတ်အာကာသလုပ်ငန်း ပစ်လွှတ်


29 May, 2023

ကျောက်မီးသွေးစွမ်းအင်သုံး ကမ္ဘာ့ပထမဆုံးဒုံးပျံကို တရုတ်အာကာသလုပ်ငန်း ပစ်လွှတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အာကာသဒုံးပျံကဏ္ဍတွင် လမ်းသစ်ထွင်သည့် ကျောက်မီးသွေး အခြေခံလောင်စာသုံး ဒုံးပျံ Tianlong-2 ကို ပစ်လွှတ်နိုင်ခဲ့ခြင်းသည် အာကာသလုပ်ငန်းကဏ္ဍတွင် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူသည့် အောင်မြင်မှု ဖြစ်သည်။ တရုတ်အာကာသလုပ်ငန်းကဏ္ဍအတွက် လောင်စာအသစ် တစ်မျိုး တိုးသွားပြီ ဖြစ်သည်။
.
ဒုံးပျံအင်ဂျင်များသည် ပရီမီယံလောင်စာ လိုအပ်ပြီး သမားရိုးကျ ဒုံးပျံရေနံဆီကို အရည်အသွေးမြင့် ရေနံမှသာ သန့်စင်ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်သည့် လုပ်ငန်းစဉ်မှာလည်း ရှုပ်ထွေးနက်နဲသည်။
.
ကျောက်မီးသွေး အခြေပြု လေကြောင်းသုံး ရေနံဆီ ထုတ်လုပ်ရန် သုတေသနလုပ်ငန်းတွင် နိုင်ငံပိုင် ကုမ္ပဏီများ ဖြစ်သည့် China Aerospace Science and Technology Corporation မှ 165th Research Institute ၊ China Energy မှ  Coal-to-Liquid Chemical Company နှင့် Ningxia Coal Industry Group တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။
.
ဒုံးပျံအင်ဂျင်ဖြင့် ကျောက်မီးသွေး ရေနံဆီကို အကြိမ်ပေါင်း ၃၀၀ ကျော် စမ်းသပ်ခဲ့ပြီး စုစုပေါင်း ကြာမြင့်သည့် စမ်းသပ်ချိန်မှာ စက္ကန့် ၆ သောင်းကျော်သည်။ ထို့နောက် ဧပြီလ ၂ ရက်တွင် ကျောက်မီးသွေး အခြေပြု လေကြောင်းသုံး ရေနံဆီကို လောင်စာအဖြစ် အသုံးပြုပြီး  Tianlong-2  ဒုံးပျံကို ပစ်လွှတ်ခဲ့ရာ အောင်မြင်ခဲ့ပါသည်။ 
Source SCMP
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 242 times