ကမ္ဘာ့ပထမဆုံး လူသဏ္ဌာန်တူစက်ရုပ် စက်ရုံ ထုတ်လုပ်မှု စတင်မည်


10 December, 2023

ကမ္ဘာ့ပထမဆုံး လူသဏ္ဌာန်တူစက်ရုပ် စက်ရုံ ထုတ်လုပ်မှု စတင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


လူသဏ္ဌာန်တူ စက်ရုပ်များ ထုတ်လုပ်သည့် စက်ရုံကို  Agility Robotics ကုမ္ပဏီက  အော်ရီဂွန်၊ Salem တွင် အစောဆုံးအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ လုပ်ငန်းသုံး စက်ရုပ်များအဖြစ် အသုံးပြုရန် ရည်ရွယ်ထားသည်။
 Agility Robotics ကုမ္ပဏီက လူသဏ္ဌာန်တူ စက်ရုပ်များကို Digit ဒစ်ဂျစ်ဟု အမည်ပေးထားသည်။ Amazon ၏ ကုန်လှောင်ရုံများတွင် နောက်နှစ် ၂၀၂၄ ခုနှစ်တွင် စတင်စမ်းသပ် အသုံးပြုမည်။ ပြုပြင်မွမ်းမံသင့်သည်များကို လုပ်ဆောင်ပေးမည်။

Amazon သည် ၂၀၂၂ ခုနှစ်တွင် Digit စက်ရုပ်များ ထုတ်လုပ်မည့် အစီအစဉ်တွင် ကန်ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည်။
Amazon ၏ ကုန်လှောင်ရုံများတွင် လက်ရှိ လုပ်ကိုင်နေသည့် လုပ်သားများကို စက်ရုပ်ဖြင့် အစားထိုးရန် မဟုတ်ဘဲ လုပ်သားများကို ကူညီလုပ်ကိုင်ပေးရန်အတွက်သာ ဖြစ်ကြောင်း Amazon က ပြောကြားသည်။

 ၂၀၂၅ ခုနှစ်တွင် အခြားကုမ္ပဏီများကို အရောင်းစဖွင့်ပေးမည် ဖြစ်သည်။

Agility Robotics စီအီးအို Damion Shelton က Digit ကို ဝယ်ယူမည့် ကုမ္ပဏီများ အသင့်ရှိနေကြောင်း ပြောကြားသည်။ 

 Agility Robotics ကို ၂၀၁၆ ခုနှစ်တွင် စတင်ခူထောင်ခဲ့ပြီး လက်ရှိတွင် ဒစ်ဂျစ်စက်ရုပ် ခုရေ ၁၀၀ ဝန်းကျင်ကိုသာ စမ်းသပ်အဆင့်အဖြစ် ထုတ်လုပ်ထားသည်။
လာမည့်လများအတွင် မြေဧရိယာ စတုရန်းပေ ၇ သောင်းပေါ်တွင် စက်ရုပ်များ ထုတ်လုပ်မည့် စက်ရုံကို ဆောက်လုပ်မည်။
  

 Agility Robotics ၏ ဒစ်ဂျစ်စက်ရုပ်သည် အရပ်အမြင့် ၅ ပေ ၉ လက်မ ရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၄၀ ရှိသည်။

ဒစ်ဂျစ် ရိုဘော့သည် ဘက်ထရီအားကုန်ခါနီးလျှင် အားသွင်းရန် သတ်မှတ်ပေးထားသည့် နေရာသို့ အလိုအလျောက်သွားရောက်ပြီး ကိုယ်တိုင် ပလပ်ထိုးပြီး အားသွင်းသည်။ 

 

 

 

 


Source axios
 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

How To Read 258 times