ရွှေ့ပြောင်းအလုပ်သမားများအတွက် ဗီဇာလျှောက်ထားမှုနှင့် သက်တမ်းတိုးခများ  လျှော့ချ


07 November, 2023

ရွှေ့ပြောင်းအလုပ်သမားများအတွက် ဗီဇာလျှောက်ထားမှုနှင့် သက်တမ်းတိုးခများ  လျှော့ချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများအတွက် ဗီဇာလျှောက်ထားမှုနှင့် သက်တမ်းတိုးခများကို နိုဝင်ဘာ ၁၁ ရက်မှ စတင်ကာ ဘတ် ၅၀၀ သို့ လျှော့ချပေးမည်ဖြစ်ကြောင်း အလုပ်အကိုင်ဦးစီးဌာန ယာယီညွှန်ကြားရေးမှူးချုပ် ဆွမ်ချိုင်း မိုရာကော့စရီဝမ်က ပြောကြားသည်။

အလုပ်သမားဝန်ကြီးဌာန၏ အခကြေးငွေ ပြောင်းလဲခြင်းဆိုင်ရာ ကြေညာချက်ကို အောက်တိုဘာ ၂၇ ရက်တွင် Royal Gazette ၌ နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပြီး သက်တမ်းမှာ ၄ နှစ်အထိ ဖြစ်ပါသည်။

နိုဝင်ဘာ ၁၁ ရက်မှစ၍ ဗီဇာလျှောက်ထားခကို ဘတ် ၂၀၀၀ မှ ၅၀၀ ဘတ်သုိ့ လျှော့ချမည်ဖြစ်ပြီး သက်တမ်းမှာ ၂ နှစ် ဖြစ်ပါသည်။

သက်တမ်းတိုးစရိတ်ကို ဘတ် ၁၉၀၀ မှ ၅၀၀ ဘတ်သုိ့ လျှော့ချမည်ဖြစ်ပြီး ၂ နှစ် သက်တမ်းတိုးပေးမည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် ထိုင်းစီးပွားရေး ပြန်လည်ထူထောင်ရန် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း ဆွမ်ချိုင်းက ပြောကြားသည်။

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

Labour Affairs Read 223 times