အမေရိကန် ဗဟိုဘဏ် ငွေကြေးဖောင်းပွမှုကို ဖိချဖို့ အတိုးနှုန်း ထပ်မံမြှင့်တင် 


03 November, 2022

အမေရိကန် ဗဟိုဘဏ် ငွေကြေးဖောင်းပွမှုကို ဖိချဖို့ အတိုးနှုန်း ထပ်မံမြှင့်တင် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အမေရိကန် ဗဟိုဘဏ် Federal Reserve က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ 2) တွင် နောက်ထပ် အတိုးနှုန်း ခပ်များများ တိုးမြှင့်ပေးခဲ့ပြီး အရှိန်ကောင်းနေသည့် ငွေကြေးဖောင်းပွမှုကို အတိုးနှုန်းဖြင့် ဖိချဖို့ အလေးချိန်ထပ်တိုးလိုက်ပါသည်။
.
Federal Reserve ရဲ့ ယခုနှစ်အတွင်း ပြင်းထန်သော အတိုးနှုန်း မြှင့်တင်ခြင်းများသည် ဈေးနှုန်းများအပေါ် သိသိသာသာ သက်ရောက်မှု မရှိခဲ့ပေ။ စီးပွားရေးကျဆင်းမှုဖြစ်မည်ကို စိုးရိမ်ခြင်းများသာ တိုးလာခဲ့ပါသည်။ 
.
အမေရိကန်ဗဟိုဘဏ်သည် ချေးငွေ စံအတိုးနှုန်း ကို ၀.၇၅ ရာခိုင်နှုန်း မြှင့်တင်ခဲ့သည်။ လေးကြိမ်မြောက်အဖြစ် ဒသမ ၇၅ တိုးလိုက်ခြင်းဖြစ်သည်။  ယခုနှစ်အတွင်း အတိုးနှုန်း မြှင့်တင်ခဲ့သည်မှာ ခြောက်ကြိမ် ရှိသွားပြီ ဖြစ်သည်။ 
.
နောက်ဆုံးသုံးလပတ်အတွင်း ဒသမ ရာခိုင်နှုန်း တိုးမြှင့်ခြင်းများကြောင့် ချေးငွေ စံအတိုးနှုန်း ၃.၇၅-၄.၀ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။ ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးအဖြစ် စံချိန်တင်ပါသည်။ 
.
ငွေကြေးမူဝါဒ ကိုင်တွယ်သူများက ချေးငွေအတွက် ကုန်ကျစရိတ် တိုးအောင် လုပ်ခြင်းဖြင့် ငွေသုံးစွဲမှုကို ဘရိတ်နင်းဖို့ ရည်ရွယ်သည်။ ဈေးကွက်ထဲသို့ ပစ္စည်းထုတ်လုပ်ပေးသွင်းသည့် ဘက်တွင် ပစ္စည်းပေးသွင်းကွင်းဆက်များ ပြဿနာ တက်နေခြင်း၊ ယူကရိန်းစစ်ပွဲ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် စီးပွားရေး ပိတ်ဆို့မှုများ အရေးယူဆောင်နေခြင်းတို့ကြောင့် ဈေးကွက်ထဲ လုံလုံလောက်လောက် ပေးသွင်းနိုင်ခြင်း မရှိချေ။ သို့ဖြစ်ရာ ဝယ်လိုအားကို လုံလောက်အောင် ဖြည့်ဆည်းနိုင်ခြင်း မရှိသဖြင့်လည်းကောင်း၊ ပစ္စည်းပေးသွင်းကွင်းဆက် အနှောက်အယှက်များ ရှိနေခြင်းကြောင့် စရိတ်မြင့်တက်ခြင်းကြောင့်လည်းကောင်း ကုန်ဈေးနှုန်းများ မြင့်တက်လာနေသဖြင့် ဝယ်လိုအား လျော့ကျပြီး ဖြည့်ဆည်းပေးနိုင်သည့် ပမာဏနှင့် နီးစပ်သွားအောင် ဝယ်လိုအားကို လျှော့ချဖို့ ကြိုးပမ်းနေသည်။
သို့သော် ချေးငွေ အတိုးနှုန်း မြင့်တက်သော်လည်း ကုန်ဈေးနှုန်းများက ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။ 


မူဝါဒ ချမှတ်သည့် Federal Open Market Committee (FOMC) က ဈေးနှုန်းများ ကျအောင် နောက်ထပ် အတိုးနှုန်းမြှင့်တင်ပေးဖို့ လိုလိမ့်ဦးမည်ဟု ပြောကြားခဲ့ပါသည်။ သို့သော် အတိုးနှုန်း မြင့်တက်ခြင်းကြောင့် စီးပွားရေး ထိခိုက်ကုန်ကြသည်လည်း ထည့်သွင်းစဉ်းစားမည်ဟု ဆိုပါသည်။ 
သို့ဖြစ်ရာ လာမည့်လများတွင် အတိုးနှုန်း မြှင့်တင်ခြင်းများ ဆက်ရှိနေဦးမည် ဖြစ်သော်လည်း တိုးမြှင့်သည့် ပမာဏ နည်းပါးမည်ဟု ကောက်ချက်ချကြပါသည်။ 
သို့သော် Federal Reserve  ဥက္ကဋ္ဌ Jerome Powell က မူဝါဒ ကိုင်တွယ်သူများသည် ငွေကြေးဖောင်းပွမှုကို အတိုးနှုန်းဖြင့် ဖိရန်အတွက်၎င်းတို့၏ ကြိုးပမ်းမှုများကို ရပ်လိုက်ဖို့  အသင့်မဖြစ်သေးကြောင်း ပြောကြားပါသည်။
အချိန်အတိုင်းအတာ တစ်ခု ယူရဦးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ 
ရည်မှန်းချက်မှာ ငွေကြေးဖောင်းပွနှုန်းကို ၂ ရာခိုင်နှုန်း လျှော့ချရန် ဖြစ်ပါသည်။ 
.
အမေရိကန်နိုင်ငံ ငွေကြေးဖောင်းပွမှုနှုန်းမှာ  ယခင်လက ၈.၂၆% နှင့် ယခင်နှစ်က ၅.၃၉% ရှိခဲ့ပြီး ယခုလတွင်  ၈.၂၀% ရှိပါသည်။
Source CNA
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 403 times