၂၀၂၁ ခုနှစ် အောက်တိုဘာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တရုတ်နိုင်ငံက အများဆုံး


20 November, 2021

၂၀၂၁ ခုနှစ် အောက်တိုဘာအတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၄ ဒသမ ၈၈၃ သန်း ဝင်ရောက်မှုတွင် တရုတ်နိုင်ငံက ဒေါ်လာခုနစ်သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အောက်တိုဘာအတွင်း နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံက ဒေါ်လာ ၇ ဒသမ ၁ သန်း၊ တိုင်ပေက ဒေါ်လာ ၃ ဒသမ ၂၀၈ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၃ ဒသမ ၀၇၅ သန်း၊ နီပေါက ဒေါ်လာ၁ ဒသမ ၅ သန်းဖြင့် စုစုပေါင် း ဒေါ်လာ ၁၄ ဒသမ ၈၈၃ သန်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံ ဝင်ရောက်မြှုပ်နှံထားမှုတွင် UK က ဒေါ်လာ ၂ ဒသမ ၅၀၆  ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာ နမှ သိရသည်။

နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံထားမှုအနေဖြင့် ဘရူနိုင်းက ဒေါ်လာ ၁ ဒသမ ၄၆၉  သန်း၊ တရုတ်က ဒေါ်လာ ၁၇၅ ဒသမ ၈၃၄ သန်း၊ တိုင်ပေက ဒေါ်လာ ၀ ဒသမ ၄၄၃ သန်း၊ H.K က ဒေါ်လာ ၁၁ ဒသမ ၁၃၈ သန်း ၊ အိန္ဒိယက ဒေါ်လာ ၁ ဒသမ ၂ သန်း၊ ဂျပန်က ဒေါ်လာ ၅၁၈ ဒသမ ၇၆၁ သန်း၊ မလေးရှားက ဒေါ်လာ ၂ ဒသမ ၁ သန်း၊ Marshall Island က ဒေါ်လာ ၁၀ ဒသမ ၇၀၀ သန်း၊ R.O.K က ဒေါ်လာ ၃၂ ဒသမ ၆၁၄ သန်း၊ Samoa က ဒေါ်လာ ၀ ဒသမ ၅၀၀ သန်း၊ စင်ကာပူက ဒေါ်လာ ၄၂၉ ဒသမ ၃၃၆ သန်း ၊ ထိုင်းက ဒေါ်လာ ၉၉ ဒသမ ၁၈၅ သန်း၊ UK က ဒေါ်လာ ၂၅၀၆ ဒသမ ၉၁၈ သန်း၊ ဗီယက်နမ်က ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် စုစုပေါင်း ၃၇၉၁ ဒသမ ၃၉၈ သန်းဝင်ရောက် မြှုပ်နှံထားခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံကျော်သာ ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် လယ်ယာကဏ္ဍတွင် ဒေါ်လာ၉ ဒသမ ၉၈၈ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ၁၉ ဒသမ ၆၉၈ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ၂၈၆ ဒသမ ၀၂၃ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ် လာ၃၁၂၁ ဒသမ ၃၂၃ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ ဒသမ ၅၀၀ သန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် ဒေါ်လာ ၈၁ သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ရှစ်သန်း၊ Industrial Estate  ကဏ္ဍတွင် ဒေါ်လာ ၂၈ ဒသမ ၂၁၀  သန်းနှင့် အခြားကဏ္ဍတွင် ဒေါ်လာ ၁၀၃ ဒသမ ၆၅၆ သန်းဖြင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ၃၇၉၁ ဒသမ ၃၉၈ သန်း ဝင်ရောက်ခဲ့သည်။

news-eleven.com

Investment/Divestment Read 442 times