FDA က ဓာတ်ခွဲစစ်ဆေးခနှုန်းထားအသစ်များ ကြေညာ


13 June, 2022

FDA က ဓာတ်ခွဲစစ်ဆေးခနှုန်းထားအသစ်များ ကြေညာ

 ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အမိန့်ကြော်ငြာစာအမှတ် ( ၅ /၂၀၂၂) ဖြင့် ကျန်းမာရေးဝန်ကြီးဌာနဘဏ္ဍာရေးနှင့်စက်ပစ္စည်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ခွင့်ပြုချက်အရ အစားအသောက်ဌာနခွဲရှိ ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် လျှောက်ထားလာသော လုပ်ငန်းများအတွက် Online E-Submission စတင်အသုံးပြုချိန်မှစ၍ ဓာတ်ခွဲစစ်ဆေးခနှုန်းထားသစ်များကို ၂ဝ၂၂ ခုနှစ်၊ ဇွန်လ ( ၃ ) ရက် ရက်စွဲဖြင့် ပြောင်းလဲကောက်ခံ မည်ဖြစ်ကြောင်း ကြေညာပါသည်။

အမှတ်တံဆိပ်တူ၊ ကုန်ပစ္စည်းတူ၊ ထုပ်ပိုးပစ္စည်းတူ၊ ထုတ်ပိုးအရွယ်အစားကွဲ အစား အသောက်/ သောက်ရေသန့် အုပ်စု တစ်ခုစီအတွက် ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးခ ပေးသွင်းခြင်း - ၂၀၀,၀၀၀ိ/- ကျပ်

သောက်ရေသန့် လျှောက်ထားမှုအတွက် ထုပ်ပိုးအရွယ်အစားကွဲ ထုတ်ကုန်များတွင် (၁) မယ်စီအတွက် အဏုဇီဝဓာတ်ခွဲစစ်ဆေးခ ပေးသွင်းခြင်း - ၅၀,၀၀ဝိ/- ကျပ်

ထပ်မံစစ်ဆေးရသော နမူနာများအတွက် ဓာတုဓာတ်ခွဲစစ်ဆေးခြင်းနှင့် အဏုဇီဝ ဓာတ်ခွဲစစ်ဆေးခြင်းတို့အတွက် စစ်ဆေးမှု တမျိုးလျှင် ဓာတ်ခွဲစစ်ဆေးခပေးသွင်းခြင်း - ၅၀,၀၀၀ိ/- ကျပ်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ (၁၃-၉-၂၀၁၈) ရက်စွဲပါစာအမှတ်၊ အစဆ/ (စီမံ)/၂၀၁၈/၂၈၅၇ အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

#MyanmarIndustryGuide

Laws and Regulations Read 404 times