FDA က စိစစ်ခနှုန်းထားသစ်များ ‌ကြေညာ


13 June, 2022

FDA က စိစစ်ခနှုန်းထားသစ်များ ‌ကြေညာ

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၂) ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်စက်ပစ္စည်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၂) ဆုံးဖြတ်ချက်အရ Food Local Manufacture E-Submission System စတင်ကျင့်သုံးချိန်မှစ၍ ကောက်ခံမည့်နှုန်းထားများအား ၂၀၂၂ ခုနှစ်၊ ဇွန်လ( ၁၀ )ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားပါသည်။
ကောက်ခံမည့်နှုန်းထားသစ်များမှာ 

(၁) အချက်အလက်စိစစ်ခ - ၅၀,၀၀၀ိ/- ကျပ်

(၂) စက်ရုံကွင်းဆင်း စိစစ်ခ

(က) စက်ရုံကွင်းဆင်းစိစစ်မှု မဆောင်ရွက်မီ - ၂၀၀,၀၀၀ိ/- ကျပ်

(ခ) ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (Good Manufacture Practice (GMP))နှင့်ကိုက်ညီသောလုပ်ငန်းများ ထောက်ခံချက်အတွက် ထပ်မံပေးသွင်း ရန် – ၅၀၀,၀၀၀ိ/- ကျပ်နှင့်

(ဂ) ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ် (Good Hygienic Practice (GHP))နှင့် ကိုက်ညီသော လုပ်ငန်းများအား ထောက်ခံချက်အနေဖြင့် ထပ်မံကောက်ခံခြင်း မပြုတော့ပါ။
#MyanmarIndustryGuide

Laws and Regulations Read 356 times