ကမ္ဘာ့အမြန်ဆုံး ရထားများ အာရှတွင် အများဆုံး


14 October, 2021

၁၈၀၂ ခုနှစ်မှာ ရေနွေးငွေ့ဖြင့် မောင်းနှင်တဲ့ မီးရထားကို တီထွင်ခဲ့ပြီး ရထားဟာ ပို့ဆောင်ရေးကဏ္ဍမှာ အဖိုးနည်း ဝန်ပါ ပို့ဆောင်ရေးအဖြစ် အရေးပါခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ စက်မှုတော်လှန်ရေးရဲ့ ရေချိန်အမြင့်မားဆုံး ကာလမှာ ရေနွေးငွေ့ဖြင့် မောင်းနှင်တဲ့ မီးရထားကို တီထွင်ပေးလိုက်တဲ့အတွက် ကုန်စည်များနဲ့ ခရီးသည်များ ပို့ဆောင်ရေးကို စတင်စေခဲ့ပါတယ်။ များမကြာခင်မှာ အခြားကိုလိုနီနိုင်ငံများမှာလည်း ရထားလမ်းတွေ ဖောက်ပြီး ရထားပို့ဆောင်ရေး စတင်ခဲ့ကြပါတယ်။

ယခုအခါမှာတော့ ရထားလမ်းပေါ် ရထားပြေးနေရုံမျှဖြင့် မဟုတ်တော့ဘဲ ပိုမိုမြန်ဆန်တဲ့ မြန်နှုန်းမြင့်ရထားတွေ ပြေးဆွဲနိုင်ဖို့ ဦးတည်လုပ်ကိုင်လာကြပါတယ်။
ဂျပန်နိုင်ငံမှာ ကျည်ဆံရထားဆိုတဲ့ Tōkaidō Shinkansen ရထားကို ၁၉၆၄ ခုနှစ်မှာ စတင်ပြေးဆွဲခဲ့တယ်။ မြန်နှုန်းမြင့် ရထားစနစ်မှာ အဦးဆုံး ဖြစ်ပါတယ်။ တစ်နာရီ ၁၂၄ မိုင် (၂၀၀ ကီလိုမီတာ) အမြန်နှုန်းဖြင့် ပြေးတဲ့ ရထား ဖြစ်ပါတယ်။

မြန်နှုန်းမြင့် ရထားတွေ ပြေးဆွဲလျက် ရှိရာ အမြန်ဆုံး မြန်နှုန်းမြင့်ရထား ဘယ်နိုင်ငံမှာ ပြေးဆွဲနေသလဲ။

မြန်နှုန်းမြင့် ရထားတွေ စတင်ပြေးဆွဲခဲ့တဲ့ ဂျပန်နိုင်ငံမှာ အမြန်ဆုံး မြန်နှုန်းမြင့်ရထား ပြေးဆွဲနေပါတယ်။
ပုံမှန်ပြေးဆွဲလျက် ရှိတဲ့ ကျည်ဆံရထား N700A Shinkansen က အမြန်ဆုံး အမြန်နှုန်း တစ်နာရီ ၁၈၆ မိုင် (၃၀၀ ကီလိုမီတာ) အထိ မြန်နိုင်စွမ်း ရှိပါတယ်။ သံလိုက်စက်ကွင်းဖြင့် ရထားကို ရထားလမ်းအပေါ်ဘက် မြှောက်တင်ထားတဲ့ နည်းလမ်းကို သုံးစွဲတဲ့ magnetic levitation (maglev) နည်းလမ်းကို သုံးစွဲပြီး အမြန်ဆုံး စံချိန်ကို ချိုးခဲ့ပါတယ်။

ကမ္ဘာအမြန်ဆုံး ရထားနှစ်စီးစလုံးဟာ maglev အမျိုးအစား ဖြစ်ကြပါတယ်။ အောက်ခံလမ်းနဲ့ မထိတာကြောင့် ပွတ်တိုက်ခုခံမှု ကင်းမဲ့နေပြီး ယခုလို အမြန်နှုန်းဖြင့် ပြေးနိုင်စေတာ ဖြစ်ပါတယ်။

ပြေးဆွဲဖို့ အစီအစဉ် ရှိတဲ့ ရထားတွေကို ပါ ထည့်စဉ်းစားရင်လည်း ဂျပန်နိုင်ငံက ထိပ်ဆုံးမှာ ဆက်ရှိနေတာ တွေ့ရပါတယ်။

 

World's Fastest Trains

Country

Speed Record

L0 Series Maglev

Japan

374 mph (602 km/h)

CRRC Qingdao Sifang 2021 Maglev

China

373 mph (600 km/h)

TGV POS

France

357 mph (575 km/h)

CRH380A Hexie

China

302 mph (486 km/h)

Shanghai Maglev

China

268 mph (431 km/h)

HEMU-430X

South Korea

262 mph (422 km/h)

Fuxing Hao CR400AF

China

260 mph (418 km/h)

Frecciarossa 1000

Italy

245 mph (394 km/h)

 

စာရင်းထိပ်ဆုံးမှာ ဖော်ပြထားတဲ့ ဂျပန်နိုင်ငံမှ L0 Series Maglev ဟာ ထုတ်လုပ်ဆဲ အဆင့်ကို ရောက်ရှိနေပြီး စမ်းသပ်မှုများအရ တစ်နာရီ ၃၇၄ မိုင်အထိ မြန်ပါတယ်။ ကမ္ဘာအမြန်ဆုံးရထား စံချိန်သစ် တင်မှာ ဖြစ်ပါတယ်။

တရုတ်ရထားက ဂျပန်ရထားထက် ပိုမြန်သွားနိုင်သလား


မြန်နှုန်းမြင့်ရထားကဏ္ဍမှာ ဂျပန်က တရုတ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေရပါတယ်။ တရုတ်နိုင်ငံမှာ ကမ္ဘာ့အရှည်လျားဆုံး မြန်နှုန်းမြင့် ရထားကွန်ယက် ရှိနေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အခြေခံအဆောက်အအုံမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံလျက် ရှိပါတယ်။
Maglev အမျိုးအစား ရထားလည်း ရှိနေပြီ ဖြစ်ပါတယ်။ Shanghai Maglev က ရှန်ဟိုင်းမြို့နဲ့ နိုင်ငံတကာလေဆိပ်တို့အကြား ပြေးဆွဲပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ နောက်ဆုံးထုတ် ရထားကို ပြသခဲ့တာမှာ အမြန်နှုန်း တစ်နာရီ ၃၇၃ မိုင် (၆၀၀ ကီလိုမီတာ) အထိ မြန်ပါတယ်။

ကမ္ဘာအမြန်ဆုံး မီးရထား ၈ စီးထဲမှာ ထက်ဝက်က တရုတ်နိုင်ငံမှ ရထားများ ဖြစ်ပါတယ်။ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား တို့ပါဝင်တဲ့ အာရှမှာ မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်တွေ အများဆုံး တည်ရှိနေပြီး အမြန်နှုန်း စံချိန်သစ်တွေကိုလည်း အာရှမှ ရထားတွေ ရရှိထားကြတာ ဖြစ်ပါတယ်။

 

fastest-trains-in-the-world-chart_1.jpg

 

 

Tips Read 2507 times