FamilyMart ထိုင်းမှ ထွက်ခွာ


15 August, 2023

FamilyMart ထိုင်းမှ ထွက်ခွာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂျပန်ကုန်စုံဆိုင်အမှတ်တံဆိပ် FamilyMart သည် ၁၉၉၃ ခုနှစ်တွင် ထိုင်းတွင် စတင်ခဲ့ပြီး ယခုအခါ ထိုင်းမှ ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

ဂျပန်ကုန်စုံဆိုင် FamilyMart သည် နောက်နှစ် မေလနှောင်းပိုင်းတွင် ထိုင်းပြည်တွင်း လက်လီရောင်းချသူ Central Group နှင့် ၎င်း၏ franchise သဘောတူညီချက် သက်တမ်းကုန်ဆုံးသွားသည့်အခါ ထိုင်းနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်သည်။

FamilyMart သည် ထိုင်းနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ဩဂုတ် ၁၀ ရက်တွင် ကြေညာခဲ့သည်။
ထိုင်းတွင် ဖွင့်လှစ်ထားသော FamilyMart လက်လီစတိုးဆိုင် ၂၀၀ ဝန်းကျင်ကို Tops Daily ဟု brand  ပြောင်းလဲမည် ဖြစ်သည်။ Tops Daily သည် Central Group မှ ပိုင်ဆိုင်သည့် brand တစ်ခု ဖြစ်ပြီး ထိုင်းနိုင်ငံတွင် Tops Daily စူပါမားကက် အငယ်စားများ ဖွင့်လှစ်ထားသည်။

ဂျာမန် ဒေတာလုပ်ငန်း Statista ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် FamilyMart သည် ထိုင်းနိုင်ငံတွင် စတုတ္ထအကြီးဆုံး ကုန်စုံဆိုင်ခွဲများ လုပ်ငန်း ဖြစ်ပါသည်။
ပထမနေရာတွင် 7-Eleven ရပ်တည်နေပြီး ဆိုင်ခွဲပေါင်း ၁၃,၀၀၀ ရှိပါသည်။ ကုန်စုံဆိုင်ခွဲများ ဈေးကွက်တွင် ဈေးကွက်ဝေစု ၈၀% ခန့် ရရှိထားသည်။ franchise သဘောတူညီချက်ဖြင့် ထိုင်းအဓိကလုပ်ငန်းစုဖြစ်သည့် Charoen Pokphand Group(CP Group) မှ လုပ်ကိုင်သည်။

 FamilyMart သည် ဖက်စပ်လုပ်ငန်း ထူထောင်ကာ ၁၉၉၂ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့သည်။ ပထမဆုံး ကုန်စုံဆိုင်ကို ၁၉၉၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ 

Source Asia nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 354 times