ထိုင်းစံပယ်ဆန်‌မွှေး အတုထုတ်သည့် တရုတ်စက်ရုံတွေကို ထိုင်းက တရားစွဲမည်


18 March, 2023

ထိုင်းစံပယ်ဆန်‌မွှေး အတုထုတ်သည့် တရုတ်စက်ရုံတွေကို ထိုင်းက တရားစွဲမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းစံပယ်ဆန်မွှေး အတုများ ထုတ်လုပ်သည်ဟု စွပ်စွဲခံထားရသည့် တရုတ်ဆန်ထုတ်လုပ်သူ သုံးဦးကို တရားစွဲရန် နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာန Department of Foreign Trade (DFT) က ပြင်ဆင်နေပြီဖြစ်သည်။

.

DFT ညွန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က အဆိုပါဆန်စက်များသည် ထိုင်း “ဟုမ်းမာလီ”  “hom mali” စံပယ်ဆန်၏ စံပယ်ရနံ့ကို တုပရန် အတုအယောင် အမွှေးအကြိုင်များ ပေါင်းထည့်နေကြောင်း ထိုင်းဆန်တင်ပို့သူများထံမှ တိုင်ကြားစာများ လက်ခံရရှိထားကြောင်း သောကြာနေ့ (မတ် ၁၇)တွင် ပြောကြားခဲ့သည်။

.

စက်ရုံများတွင် Dao Hua Xiang ဟု အမည်ရှိသည့် တရုတ်ဆန်ကို ရနံ့အတု၊ အရသာအတုများ ထည့်ပြီး ထိုင်းစံပယ်ဆန်အတုကို ထုတ်လုပ်ပါသည်။

.

၎င်းထိုင်းစံပယ်ဆန်အတုကို ထိုင်း ကုန်စည်အမှတ်တံဆိပ်အတုများဖြင့် တရုတ်နိုင်ငံတွင် ရောင်းချလျက်ရှိသည်။ ထိုအချက်သည် တရုတ်နိုင်ငံ ဥပဒေများကို ချိုးဖောက်ခြင်းဟု ၎င်းက ပြောကြားသည်။

တရုတ်အာဏာပိုင်တို့ထံ DFT က တိုင်တန်းခဲ့ပြီး စက်ရုံများကို ပိတ်သိမ်းရန် အမိန့်စာ ထုတ်ထားသည်။ စက်ရုံများသည် အစားအသောက် ဘေးကင်းရေး၊ ထုတ်ကုန်အရည်အသွေးနှင့် ကြော်ငြာခြင်းဆိုင်ရာ အခြားဥပဒေများစွာကို ချိုးဖောက်ခဲ့ကြောင်း အာဏာပိုင်များက တွေ့ရှိသည်။

တရုတ်ဆန်ကို ထိုင်းစပယ်ဆန်ဖြစ်အောင် ပြုပြင်ရာတွင်  pyrazine နှင့်  pyrrole တို့ကို ရနံ့အတွက် သုံးစွဲပါသည်။ pyrazine နှင့်  pyrrole ၂ မျိုးစလုံး တရုတ်ပြည်တွင် စားသောက်ကုန် ရနံ့အတွက် သုံးခွင့် မရှိပါ။

 စုံစမ်းစစ်ဆေးမှုများအရ ၎င်းကုမ္ပဏီ ၃ ခုသည် ရနံ့အတု ဓာတုပစ္စည်းကို ရှန်ဟိုင်းမြို့မှ Shanghai Rofeeflavor Fragrant နှင့် Shanghai Fengmi Industrial တို့ထံမှ ဝယ်ယူကြောင်း သိရသည်။ ၎င်း ကုမ္ပဏီ ၂ ခုစလုံးသည် စပယ်ဆန်ရနံ့အတုကို စားသောက်ကုန်အတွက် တရားမဝင် ထုတ်လုပ်ရောင်းချနေကြခြင်း ဖြစ်သည်။

.

ထိုင်းစပယ်ဆန်အတု ထုတ်လုပ်သည့် စက်ရုံသုံးရုံမှာ

 

• Anhui Huainan Shouxian Yongliang Rice Industry, “Tai Zhi Wang” ကုန်စည်အမှတ်တံဆိပ်အတုဖြင့် “ราชาไทย” (Thai king) တံဆိပ်တပ်ပြီး ရောင်းချသည်။

 

• Anhui Xiangwang Cereals, Oils and Food Technology Co Ltd  တရုတ်ဆန်ကို ထိုင်းဆနါဟု လိမ်ညာပြောဆိုပြီး ရောင်းသည်။

 

• Huainan Chufeng Industry and Trade, ထိုင်းစပယ်ဆန်အတုကို "ထိုင်းစပယ်ဆန်"ဟု အဓိပ္ပာယ် ရသည့်  “Tai Guo Xiang Mi” နှင့်  “Tai Xiang Mi” အမှတ်တံဆိပ်များဖြင့် ရောင်းချသည်။

အဆိုပါ စက်ရုံများသည် ထိုင်းနိုင်ငံမှ ဆန်တင်သွင်းဖူးခြင်း မရှိချေ။ တရုတ်ပြည်တွင် စိုက်ပျိုးထုတ်လုပ်သည့်ဆန်များကို ထိုင်းစယ်ဆန်ဟု တံဆိပ်အတုကပ် ဈေးအမြင့် တင်ပြီး ရောင်းချကြသည်ဟု  Ronnarong က ပြောသည်။

 

ထိုင်းနိုင်ငံသည် ယမန်နှစ်က တရုတ်နိုင်ငံသို့ ဘတ် ၃ ဒသမ ၉၉ ဘီလီယံတန်ဖိုးရှိ စပယ်ဆန် ၁၄၂,၁၄၆ တန် တင်ပို့ခဲ့သည်။

၂၀၂၁ တွင် ဘတ် ၃ ဒသမ ၄၆ ဘီလီယံတန်ဖိုးရှိ စပယ်ဆန် ၂၄၇,၅၈၁ တန် တင်ပို့ခဲ့ပါသည်။

Source nationthailand 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Agriculture & Livestock Read 624 times