ဘတ် ၁၀၀၀ တန် ငွေစက္ကူ အတုများ ထိုင်းရဲတပ်ဖွဲ့က သတိပေး


24 October, 2022

ဘတ် ၁၀၀၀ တန် ငွေစက္ကူ အတုများ ထိုင်းရဲတပ်ဖွဲ့က သတိပေး

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပျံ့နှံ့နေသည့် ဘတ် ၁၀၀၀ တန် ငွေစက္ကူ အတုများနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က ပြည်သူများအား သတိပေးထားသည်။

.
အစစ် ဟုတ်မဟုတ် စစ်ဆေးရန် ဘတ် ၁၀၀၀ တန် ငွေစက္ကူအားလုံးတွင် ထည့်သွင်းထားသော ရွှေရောင်လုံခြုံရေးကြိုးကို ကြည့်ရန် အကြံပြုထားသည်။ ပုံမှန်အားဖြင့် ကြည့်ရှုသောအခါတွင် ကြိုးကို စက္ကူသားပေါ်တွင်  အပိုင်းပိုင်း တွေ့ရမည်။ ငွေစက္ကူကို စောင်းလိုက်သည့်အခါ အစိမ်းရောင် ပြောင်းမည်။ အလင်းရောင်မှာ ထောင်ကြည့်ပါက ကြိုးတွင် ‘1,000 BAHT’ စာသားများတွေ့ရမည် ဟု ရဲတပ်ဖွဲ့က အကြံပြုထားသည်။


.
ငွေစက္ကူအတုကို မသိဘဲအသုံးပြုပါက ထောင်ဒဏ် ၁၀ နှစ်အထိ နှင့်/သို့မဟုတ် ငွေဒဏ် ဘတ် ၂၀,၀၀၀ အထိ ချမှတ်နိုင်သည်။
.
ရည်ရွယ်ချက်ရှိရှိအသုံးပြုပါက အများဆုံးထောင်ဒဏ် ၁၅ နှစ်နှင့်/သို့မဟုတ် ငွေဒဏ် ဘတ် ၃၀,၀၀၀ အထိ ချမှတ်နိုင်သည်။
Source The Nation, Bangkokpost
 

Banking & Loan Read 325 times