လှိုင်သာယာ စက်မှုဇုန်နှင့် ရွှေသံလွင် စက်မှုဇုန်တို့တွင် ပိတ်သိမ်းသည့်စက်ရုံ ၃၈ ရုံရှိ


28 September, 2021

ဖေဖော်ဝါရီလမှစ၍ လှိုင်သာယာမြို့ နယ်ရှိ လှိုင်သာယာစက်မှုဇုန်နှင့် ရွှေသံလွင် စက်မှုဇုန်တို့တွင် ပိတ်သိမ်းသည့်စက်ရုံ ၃၈ ရုံရှိပြီး အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သ မားပေါင်း တစ်သောင်းနီးပါးရှိကြောင်း စက် တင်ဘာ ၂၃ ရက်တွင် စက်မှုဇုန်ကော်မတီများ ထံမှ သိရသည်။

လှိုင်သာယာစက်မှုဇုန်တွင် ဖေဖော်ဝါ ရီမှစ၍ ယနေ့အချိန်အထိ ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်းသည့် စက်ရုံ ၂၉ ရုံရှိကြောင်း၊ အဆိုပါစက်ရုံ ၂၉ ရုံ ပိတ်သိမ်းလိုက်သည့်အ တွက် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သ မားဦးရေ ခုနစ်ထောင်ခန့်ရှိကြောင်း လှိုင်သာ ယာစက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူတစ် ဦး၏ ပြောကြားချက်အရ သိရသည်။ 

“ဒီနှစ်အတွင်းမှာ ကျွန်တော်တို့လှိုင်သာ ယာစက်မှုဇုန်မှာတော့ ပိတ်ထားတဲ့စက်ရုံ ၂၉ ရုံ ရှိပါတယ်။ ဒီနှစ်အတွင်း ဖေဖော်ဝါရီကနေ စပြီးတော့ပေါ့။ သူတို့ကျွန်တော်တို့ဆီ တင် တာကတော့ ပိတ်တာက ယာယီပိတ်တယ်လို့ ပဲ တင်ထာပါ။ အလုပ်သမားတွေအတွက် လစာတွေနဲ့ ပတ်သက်ပြီးတော့က စက်ရုံက ပိတ်မယ်ဆိုရင် ဒါတွေလျော်ပြီးမှ ပိတ်လို့ရ တာပါ။ အဲဒီ ၂၉ ရုံ ပိတ်လိုက်တဲ့အတွက် အ လုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ကျွန် တော်တို့သိရသလောက် ခုနစ်ထောင် လောက် ရှိတယ်” ဟု ယင်းတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

အလားတူ ရွှေသံလွင်စက်မှုဇုန်တွင် လည်း ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်း သည့် စက်ရုံကိုးရုံရှိကြောင်း၊ အဆိုပါစက်ရုံ ကိုးရုံ ပိတ်သိမ်းလိုက်သည့်အတွက် အလုပ် လက်မဲ့ဖြစ်သွားသည့် အလုပ်သမားဦးရေ သုံးထောင်နီးပါးခန့်ရှိကြောင်း ရွှေသံလွင် စက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရွှေသံလွင် စက်မှုဇုန်မှာတော့ ပိတ်တဲ့ စက်ရုံက အစကတော့ ၁၂ ရုံရှိတယ်။ အဲဒီ ၁၂ ရုံရှိတဲ့ထဲမှာ ပြန်ဖွင့်တဲ့စက်ရုံက သုံးရုံရှိ တဲ့အတွက် အခု ကိုးရုံပဲကျန်တော့တယ်။ဒီနှစ် ဇန်နဝါရီကနေ ခုချိန်အထိပေါ့နော်။ အလုပ်သ မားတွေရဲ့ လစာတွေ လုပ်အားခတွေနဲ့ ပတ် သက်လို့ကတော့ အလရတို့၊ အလဆတို့မှာ အကုန်လုံးရှင်းပြီးမှ ပိတ်တာပါ။ တချို့စက်ရုံ တွေထဲမှာလည်း ပိတ်တယ်ပြောပေမဲ့ ယာ ယီပိတ်တာရှိတယ်။ နေရာပြောင်းဖွင့်တာ တွေ ရှိတာပေါ့။ ဒီပိတ်တဲ့စက်ရုံတွေ ပေါင်း လိုက်ရင်တော့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားစုစုပေါင်းက နှစ်ထောင်ကျော် လောက်ရှိတယ်။ ဘာလို့လဲဆိုတော့ တချို့ စက်ရုံတွေကပဲ အလုပ်သမားဦးရေ တစ် ထောင်လောက်ရှိတယ်လေ။ တချို့စက်ရုံ တွေလည်း နည်းတာပေါ့နော်။ အဲဒီတော့ အားလုံးပေါင်းလိုက်ရင် နှစ်ထောင်ကျော်၊ သုံးထောင်နီးပါးလောက်ရှိတာပေါ့။ ခန့်မှန်း ခြေပေါ့နော်” ဟု ရွှေသံလွင်စက်မှုဇုန်ကော် မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

စက်တင်ဘာ ၂၁ ရက်ကလည်း လှိုင်သာယာစက်မှုဇုန်ရှိ  Myanmar Unique အထည်ချုပ်စက်ရုံသည် အော်ဒါများမရရှိ ခြင်းကြောင့် ယာယီပိတ်သိမ်းလိုက်ကြောင်း သိရသည်။


အဆိုပါစက်ရုံသည် ၂၀၂၀ ပြည့်နှစ်မှ စ၍ စက်ရုံတွင်အော်ဒါမရရှိခြင်းကြောင့် လည်းကောင်း၊ ကိုဗစ်ရောဂါကြောင့်လည်း ကောင်း၊ နိုင်ငံရေးအခြေအနေများကြောင့် လည်းကောင်း စက်ရုံလည်ပတ်ရန် မဖြစ်နိုင် တော့သည့်အတွက် စက်တင်ဘာ ၂၁ ရက်မှ စ၍ ယာယီပိတ်သိမ်းလိုက်ကြောင်း စက်ရုံ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်း Myanmar Unique စက်ရုံသည် ကိုဗစ်ကာလများတွင်လည်း အလုပ်သမား လျှော့ချခြင်းများရှိခဲ့ပြီး ယာယီပိတ်သိမ်းလိုက်သည့်အချိန်တွင်ကျန်ရှိသည့် အလုပ်သမားများကို ဥပဒေအတိုင်း နစ်နာကြေးများ ပေးကြောင်း၊ စက်ရုံဖွင့်လှစ်သည်မှာ ငါးနှစ် ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပိတ်သိမ်း သည့်စက်ရုံများပြားလာပြီး အလုပ်လက်မဲ့ ဖြစ်သည့် အလုပ်သမားများလည်း များပြားနေကြောင်း အလုပ်သမားကိုယ်စားလှယ်များက ပြောကြားသည်။      

 

news-eleven.com

Local News Read 502 times