ဗီယက်နမ်ကုန်ထုတ်လုပ်ငန်းများ အနောက်တိုင်းမှ အမှာစာများ လျော့ကျနေသော်လည်း အသင့်ပြင်ဆင်ထား 


29 October, 2022

ဗီယက်နမ်ကုန်ထုတ်လုပ်ငန်းများ အနောက်တိုင်းမှ အမှာစာများ လျော့ကျနေသော်လည်း အသင့်ပြင်ဆင်ထား 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဗီယက်နမ်ရှိ စက်ရုံများသည် ၎င်းတို့၏အဓိကစျေးကွက်များ ဖြစ်ကြသည့် အနောက်တိုင်းမှ အမေရိကန်နှင့်ဥရောပတို့ထံမှ ရရှိနေကျ အမှာစာများ ယခုအခါ လျော့ကျနေသည်ကို ကြုံနေကြသည်။
နှစ်ကုန်ရာသီအတွက် ကြီးမားသော စိန်ခေါ်မှုအဖြစ် ရင်ဆိုင်နေကြရသည်။ ကိုဗစ်လွန်ကာလ နာလန်ထဖို့ နှောင့်နှေးသွားစေပါသည်။ 
.
ပြီးခဲ့သည့်လများအတွင်း Virtue King Vietnam မှ အိတ်ထုတ်လုပ်သည့် အလုပ်သမားများသည် ခါတိုင်းလို အချိန်ပို မဆင်းကြရချေ။ အကြောင်းမှာ ရှစ်နာရီ တစ်ဆိုင်း ပြီးသွာသောအခါ အချိန်ပိုဆင်းပြီး လုပ်စရာအတွက် အမှာစာများ မရရှိထားသောကြောင့် ဖြစ်သည်။
.
"ခရစ္စမတ် ရောက်လာတော့မည်ဆိုရင် အမှာစာတွေ စုပြုံကျလာနေကျ ဖြစ်ပေမဲ့ ယခုနှစ်မှာတော့ ယခင်နှစ်ထက် ၂၀ ~ ၃၀% လျော့နည်းနေပါတယ်" ဟု Binh Duong အခြေစိုက် ကုန်ထုတ်လုပ်ငန်း ကုမ္ပဏီမှ ဥက္ကဋ္ဌ Nguyen Thanh Can က  VnExpress International ကို ပြောကြားသည်။
.
ဥရောပနှင့် အမေရိကန်တို့၌ အပြင်းထန်ဆုံး ကျဆင်းနေတာကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။ ကနေဒါ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ကဲ့သို့သော အခြားဈေးကွက်များကလည်း  ဝယ်ယူမှုကို လျှော့ချခဲ့သည်ဟု သူက ပြောပြသည်။
.
ကုန်ပစ္စည်း အခုရေ  ၁၀,၀၀၀ ကို မှာကြားနေကျ  ဖောက်သည်တစ်ဦးသည် ယခုအခါ  ၇,၀၀၀ မျှသာ ဝယ်ယူတော့ကြောင်း ၎င်းက ပြောသည်။
.
ဟိုချီမင်းစီးတီးမှ ဖိနပ်ထုတ်လုပ်သူ V.P.  သည် ဥရောပနိုင်ငံများသို့ တင်ပို့ပြီး အဓိကအားဖြင့် စပိန်နိုင်ငံသို့ တင်ပို့သည်။ ပြီးခဲ့သည့်နှစ်ထက် အမှာစာ 30% နီးပါး လျော့ကျကြောင်း ပြောကြားသည်။ 
ယခု ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း အခြားနိုင်ငံမှ ကုန်ကြမ်းပစ္စည်းများ ရယူရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ယခုအခါ အမှာစာ ရရှိမှု ကျဆင်းနေခြင်းသည် ကုမ္ပဏီအား စိန်ခေါ်မှုများ ပိုမိုရရှိစေသည်ဟု V.P.  ၏ လက်ထောက်စီအီးအို Pham Thi Minh Thu က ပြောကြားသည်။ 
အမှာစာနည်းသဖြင့် အလုပ်သမားများသည် ၀င်ငွေများ ကျဆင်းလာကာ ၎င်းတို့၏ ဘဝကို ပိုမိုခက်ခဲစေကြောင်း သူမက ပြောကြားသည်။

.
ငွေကြေးဖောင်းပွမှု မြင့်တက်နေချိန်တွင် အနောက်နိုင်ငံများတွင် နေထိုင်သူများက အသုံးစရိတ် ချွေတာကြခြင်းကြောင့်  အမှာစာများ လျော့ကျကုန်ပြီး ဗီယက်နမ်ရှိ အခြားစက်ရုံအများအပြားတို့သည်လည်း အလားတူ အခြေအနေမျိုးတွင် ရှိနေသည်။

 

.
ဗီယက်နမ်၏ စက်တင်ဘာလတွင် ပို့ကုန်တင်ပို့မှုသည် သြဂုတ်လထက် ၁၄.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခုနှစ်တွင် ဒုတိယအနိမ့်ဆုံးဖြစ်ကြောင်း အထွေထွေစာရင်းအင်းရုံးမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

 တတိယသုံးလပတ်တွင် ပို့ကုန်လုပ်ငန်းရှင်များ၏ ၆၅% သည် အမှာစာအသစ်များ ကျဆင်းလာသည် သို့မဟုတ် ဒုတိယသုံးလပတ်ကဲ့သို့ပင် ဆက်လက်လျော့နည်းနေခဲ့ကြောင်း  Pham Thi Minh Thu က ပြောကြားသည်။ 
.
ဗီယက်နမ်၏ အကြီးမားဆုံး ပို့ကုန်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည့် အထည်ချုပ်လုပ်ငန်းများသည် ယခုနှစ်လက်ကျန်ကာလအတွက် တိုးတက်မှု နှေးကွေးသွားဖွယ်ရှိသည်။ အမေရိကန်နှင့် ဥရောပဝယ်လက်များထံမှ ဝယ်လိုအား ကျဆင်းသွားသည်။ လက်လီရောင်းချသူများတွင် လက်ကျန်သိုလှောင်မှု မြင့်မားဆဲဖြစ်သည်ဟု Rong Viet Securities မှ ဆန်းစစ်သူများက ပြောကြားသည်။ 
အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် ယူရိုကျဆင်းခြင်းကြောင့်လည်း ဥရောပရှိ ဝယ်သူများ၏  ဝယ်ယူလိုစိတ်ကို ထိခိုက်နိုင်သည်ဟု ၎င်းတို့က ပြောသည်။
.
HCMC Union of Business Associations ၏ လက်ထောက်ဥက္ကဋ္ဌ Tran Viet Anh မှ ပြောကြားရာတွင် ဥရောပနိုင်ငံအများအပြားသည်   အေးခဲသောဆောင်းရာသီတစ်လျှောက် အပူဓာတ်ရဖို့ စွမ်းအင်ကို သုံးစွဲကြရမည် ဖြစ်ပြီး စွမ်းအင်စရိတ်များ မြင့်တက်နေခြင်းကြောင့် အကုန်အကျ များမည် ဖြစ်သဖြင့် ဖိနပ်အသစ်နှင့် အဝတ်အစားများကဲ့သို့သော အသစ်မဝယ်လည်း ဖြစ်နေသည့် ပစ္စည်းများကို ဝယ်ယူမှု လျော့ကျနေကြောင်း၊ လက်ထဲရှိနေသည့် ပစ္စည်းများကိုသာ ဆက်လက်သုံးစွဲရန်ဆန္ဒ ရှိကြကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့ တယ်လိုအား ကျဆင်းနေသဖြင့် ဗီယက်နမ်သို့ အမှာစာ ပေးပို့မှု များ လျော့ကျနေပြီး ဗီယက်နမ်မှ တင်ပို့မှု လျော့ကျနေကြောင်း ပြောကြားသည်။
.
သို့သော်လည်း စက်ရုံအလုပ်ရုံများမှ အလုပ်သမားများကို ဂရုတစိုက် ရှိကြပြီး နောင်တစ်ချိန် ပြန်ကောင်းလာသည့်အခါ အသင့်ဖြစ်နေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိသည်။
.
စတုတ္ထသုံးလပတ်အတွက် အမှာစာများ ယခင်သုံးလပတ်ထက် တိုးလာကြောင်း Virtue King Vietnam မှ စီအီးအို Can  ကပြောကြားသည်။ ကုမ္ပဏီသည် ဝန်ထမ်းများအား ပေးနေကျဖြစ်သည့်  နှစ်စဉ် Tet ဘောနပ်စ်များကို ယခုနှစ်တွင်လည်း ရရှိကြောင်း သေချာစေမည်ဖြစ်သည်ဟု ဆိုသည်။
Tet ဘောနပ်စ်များကို  နှစ်သစ်မကူးခင် ပေးအပ်ပြီး ဗီယက်နမ်မှာ အရေးကြီးဆုံးပွဲတော်ဖြစ်သည့် နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲနိုင်စေသည်။ 
 သို့သော် ဘောနပ်စ်ကို ယခင်ကလို တစ်လုံးတစ်ခဲတည်း ပေးမည် မဟုတ်ဘဲ အပိုင်းနှစ်ပိုင်းခွဲပြီး  ပေးအပ်မည်။ ပထမ ၇၀% အား နှစ်သစ်ကူးအားလပ်ရက်ရှည်မတိုင်မီနှင့် ကျန်တစ်ပိုင်းကို အားလပ်ရက် နောက်ပိုင်းတွင် ပေးအပ်မည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
.
V.P. တွင် အလုပ်သမားများသည် ၎င်းတို့၏ ဘောနပ်စ်  အကုန်လုံးကို တစ်လုံးတစ်ခဲတည်း ရရှိလိမ့်မည် ဟု Thu က ပြောကြားပြီး အမှာစာများ တိုးမြှင့်ရရှိရန်အတွက် ဖောက်သည်အသစ်များကို ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း Thu က ပြောကြားခဲ့သည်။
Source vnexpress
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Global News Read 282 times