အင်ဒိုနီးရှားတွင် ပို့ကုန်ဝင်ငွေ နိုင်ငံခြားသုံးငွေ ပြည်တွင်းဘဏ်မှာ အနည်းဆုံး ၃ လ ထားရန် မက်လုံးများ


29 January, 2023

အင်ဒိုနီးရှားတွင် ပို့ကုန်ဝင်ငွေ နိုင်ငံခြားသုံးငွေ ပြည်တွင်းဘဏ်မှာ အနည်းဆုံး ၃ လ ထားရန် မက်လုံးများ ပေးအပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အင်ဒိုနီးရှား အစိုးရသည် ပို့ကုန်လုပ်ငန်းရှင်များ၏ နိုင်ငံခြားငွေ ၀င်ငွေများကို ဘဏ်တွင် အနည်းဆုံး ၃ လကြာ ထားရန် မက်လုံးများ စီစဉ်နေကြောင်း  စီးပွားရေးဝန်ကြီး Airlangga Hartarto က ဇန်နဝါရီလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
အစိုးရသည် ပြည်တွင်းဘဏ်များတွင် ၎င်းတို့၏ နိုင်ငံခြားငွေ ၀င်ငွေများကို ထားရ‌ှိသည့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ပိုများသည့် အတိုးနှုန်းများ ပေးမည်ဖြစ်သည်။
"နိုင်ငံခြားငွေတွေ စင်ကာပူကို မစီးဆင်းအောင် စင်ကာပူဘဏ်တွေမှာ ထားတာထက် ပိုသာတဲ့ အတိုးနှုန်းကို ကျွန်တော်တို့က ပေးမယ်" ဟု ဝန်ကြီးက ပြောကြားသည်။
၎င်းအစီအစဉ်တွင် နိုင်ငံခြားငွေကို ပြည်တွင်းဘဏ်တွင် အနည်းဆုံး ၃ လ အပ်နှံထားရမည် ဖြစ်သည်။ 

 

"ကျွန်တော်တို့ရဲ့ ပို့ကုန်နှင့် သွင်းကုန်များကို ငွေပေးချေရန် အမေရိကန်ဒေါ်လာ လုံလုံလောက်လောက် ရှိဖို့ လိုပါတယ်" ဟု ဝန်ကြီးက ပြောကြားသည်။
အတိုးနှုန်း မည်မျှပေးရန် လျာထားကြောင်းနှင့် အစီအစဉ် စတင်မည့်ရက်တို့ကို ဝန်ကြီးက အသေးစိတ် ပြောကြားခြင်း မပြုချေ။

 အင်ဒိုနီးရှားဗဟိုဘဏ်သည် ပို့ကုန်လုပ်ငန်းရှင်များအား ပြည်တွင်း နိုင်ငံခြားငွေ အပ်နှံငွေများအတွက် ပိုမိုကောင်းမွန်သော အကျိုးအမြတ် 
ရရှိစေရန် ရည်ရွယ်သည့် ငွေကြေးမူဝါဒအသစ်ကို လာမည့်လတွင် စတင်ကျင့်သုံးမည်ဖြစ်သည်။

Source Jakartapost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 246 times