အိန္ဒိယ ပို့ကုန် ကုန်ထုတ်လုပ်ငန်းများ ဝယ်လိုအားခန်းခြောက်သဖြင့် အခက်ကြုံ


14 September, 2022

အိန္ဒိယ ပို့ကုန် ကုန်ထုတ်လုပ်ငန်းများ ဝယ်လိုအားခန်းခြောက်သဖြင့် အခက်ကြုံ


အမေရိကန်နှင့် ဥရောပ ဈေးကွက်များမှာ ဝယ်လိုအား ခန်း‌ေြခာက်နေသဖြင့် အိန္ဒိယ ပို့ကုန် ကုန်ထုတ်လုပ်ငန်းများ အများအပြားတို့သည် ထုတ်လုပ်နိုင်စွမ်း၏ ၂၅-၅၀% ကိုသာ ထုတ်လုပ်နေကြရသည်။ အလုပ်ချိန် ၃ ဆိုင်းဖြင့် လည်ပတ်သော စက်ရုံများကို အလုပ်ချိန် ၂ ဆိုင်း လျှော့ချရပ်နားထားရပြီး ၁ ဆိုင်းတည်းဖြင့်သာ လည်ပတ်နေကြရသည်။

စံချိန်တင်မြင့်မားသော ငွေကြေးဖောင်းပွမှုနှင့် တင်းကျပ်သော ငွေကြေးမူဝါဒများကြောင့်  စားသုံးသူများ၏ စိတ်ဓာတ်‌ေရးရာ ကျဆင်းနေခြင်းများကြောင့် ဖွံ့ဖြိုးပြီး ကမ္ဘာ့စီးပွားရေးများတွင် အိန္ဒိယ၏ ပို့ကုန်များသည် ဝယ်လိုအား ကျဆင်းသွားခဲ့သည်။

မှာကြားထားသူတို့က ကုန်ချော ပေးပို့ခိုင်းရာ၌ အချိန်ဆွဲထားသဖြင့် နှောင့်နှေးနေပြီး ကြိုတင်အမှာစာများ ယခင်က ၆ လစာ ကြိုတင်ရရှိနေခဲ့ရာမှ ယခုအခါ တစ်လ တစ်လခွဲစာမျှသာ ရရှိတော့သည်။
"အိန္ဒိယနဲ့ အာဖရိကဈေးကွက်တွေက ကောင်းမွန်နေချိန်မှာ အမေရိကန် နဲ့ အီးယူတို့ရဲ့ အမှာစာတွေက အားရစရာမရှိပါဘူး" ဟု Avon Cycles ၏ ဥက္ကဋ္ဌနှင့် မန်နေဂျင်းဒါရိုက်တာOnkar Singh Pahwa က ပြောကြားသည်။ 
 "အမေရိကန်နှင့် ဥရောပဈေးကွက်များအတွက် ရည်ရွယ်ထားတဲ့ ကျွန်‌ေတာ်တို့ရဲ့ စက်ရုံက အပြည့်မလည်နိုင်ဘူး။ ၅၀%ဖြင့် လည်ပတ်နေရပါတယ်"ဟု သူက ပြောသည်။
  
ထုတ်လုပ်သူ အများအပြားတို့သည် ထုတ်လုပ်မှုများ လျှော့ချထားရသဖြင့် အလုပ်ချိန် ၃ ဆိုင်းအစား ၁ ဆိုင်းတည်းဖြင့် စက်ရုံလည်ပတ်နေကြရကြောင်း Ludhiana Hand Tools Association ၏ ဥက္ကဋ္ဌ SC Ralhan က ပြောကြားသည်။

"ရုရှား-ယူကရိန်းစစ်ပွဲ မပြီးသေးသရွေ့ အခြေအနေက ဆိုးရွားနေဦးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလနဲ့ ဩဂုတ်လအတွင်း ကျွန်တော်တို့ရဲ့ ပို့ကုန်က ၁၅% ကျဆင်းသွားပါတယ်"ဟု သူက ပြောသည်။

အိန္ဒိယ၏ ကုန်ပစ္စည်းတင်ပို့မှုသည် ဩဂုတ်လတွင် ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ချည်မျှင်၊ အထည်အလိပ်နှင့် လက်လုပ်ထည်ပစ္စည်းများ တင်ပို့မှုမှာ လွန်ခဲ့သည့်နှစ်ကထက် ၃၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အင်ဂျင်နီယာဆိုင်ရာ ကုန်ပစ္စည်းများ တင်ပို့မှုသည် တစ်လအတွင်း ၁၄.၆% ကျဆင်းသွားသည်။

ဇူလိုင်လတွင် IMF က ထုတ်ပြန်ခဲ့သော  World Economic Outlook အစီရင်ခံစာတွင် IMF များသည် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်းသည် တို ၃.၂%% ရှိမည်ဟု ခန့်မှန်းထားသည်။  ၂၀၂၁ ခုနှစ်တွင် ၆.၁% ရှိခဲ့ပါသည်။

ရှည်လျားသော စစ်ပွဲကြောင့် ဥရောပမှ ဝယ်လိုအားကို ပျက်စီးစေသည်ဟု အထည်ချုပ် တင်ပို့ရောင်းချသူများက ပြောသည်။
ကမ္ဘာ့လက်လီရောင်းချသူအများစုသည် ပစ္စည်းလက်ကျန် မြင့်မားနေသဖြင့် အိန္ဒိယထံမှ ဝယ်ယူမှုများ လျော့ကျနေစေသည်။

ငွေကြေးဖောင်းပွမှုနှင့် စံချိန်တင်မြင့်မားသော စွမ်းအင်စျေးနှုန်းများသည် ဝယ်လိုအား နှေးကွေးမှုကို ပိုဆိုးဝါးစေသည်။

"ကုန်ထုတ်လုပ်ငန်းတော်တော်များများက သူတို့ရဲ့ အလုပ်သမားတွေကို တစ်ပတ်ကို ၂ ရက်ကနေ ၃ ရက်လောက် နားခွင့် ပေးထားရပါတယ်"ဟု Tiruppur Exporters' Association ဥက္ကဋ္ဌ Raja M Shanmugham က ပြောကြားသည်။
"အရင်က ၁ ဆိုင်း အလုပ်ချိန် ၈ နာရီဖြင့် တစ်ရက် ၃ ဆိုင်း လည်ပတ်တယ်။ အခုတော့ ဝယ်လိုအားတွေ အရမ်းနည်းနေလို့ ၁ ဆိုင်းလည်ပတ်ဖို့ကိုတောင် အနိုင်နိုင် ဖြစ်နေတယ်" ဟု သူက ပြောသည်။

"ထုတ်လုပ်ပြီးသားကို ပို့ခိုင်းတာ နှောင့်နှေး‌နေကြပြီး အမှာစာအသစ်များလည်း ဝင်မလာတော့ပါ။ ဒါကြောင့် စက်ရုံကို စွမ်းအားပြည့် မလည်ပတ်တော့ဘဲ ၅၀-၆၀% ပမာဏနဲ့ လုပ်ဆောင်နေရပါတယ်၊ အရင်က အနည်းဆုံးအနေဖြင့်  ၈၅% လောက် လုပ်နေကျပါ"ဟု အထည်ချုပ်လုပ်ငန်း TT Ltd မှ မန်နေးဂျင်းဒါရိုက်တာ Sanjay Jain က‌ ပြောကြားသည်။

"နောက်လအနည်းငယ်အတွင်း စီးပွားရေးကျဆင်းမှာကို စိုးရိမ်မှုတွေနဲ့ ဖွံ့ဖြိုးပြီးစျေးကွက်တွေမှာ အတိုးနှုန်းမြင့်မားမှုတွေကြောင့် အမှာစာတွေ  ထိခိုက်လာလိမ့်မယ်"ဟု အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး ဖိနပ်ထုတ်လုပ်တင်ပို့ရေးလုပ်ငန်းများထဲမှ  တစ်ခုဖြစ်သေ။ Farida Group ဥက္ကဋ္ဌ Rafeeque Ahmed က ပြောသည်။
 Farida Group သည် Adidas၊ Clarks၊ Marks & Spencer၊ Debenhams နှင့် Bally Shoes ကဲ့သို့သော အမှတ်တံဆိပ်များအတွက် ထုတ်လုပ်ပေးသည်။။
Source economictimes
#MyanmarIndustriesGuide 
 Telegram Channel  https://t.me/Guid4U

Global News Read 288 times