၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာနိုင်ငံမှ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံ


17 September, 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဇူလိုင်လအထိ ၁၀ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင်
တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၄၀၈  ဒသမ ၃၀ သန်းဖြင့် အများဆုံးဖြစ်ပြီး
ထိုင်း နိုင်ငံသို့ ဒေါ်လာ ၂၅၄၈ ဒသမ ၁၂ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ
အစဉ်လိုက် ရပ် တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ဒေါ်လာ ၇၆၈ ဒသမဝ၄ သန်း၊
အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၆၅၃ ဒသမ ၈၁ သန်း၊
အမေရိကန်သို့ ဒေါ်လာ ၅၁၉ ဒသမ ၉၃ သန်း၊
ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၃၄၉ ဒသမ ၈၂ သန်း၊
ယူကေသို့ ဒေါ်လာ ၃၀၇ ဒသမ ၀၇ သန်း၊
စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၂ ဒသမ ၆၅ သန်း၊
နယ်သာလန်သို့ ဒေါ်လာ ၂၇၅  ဒသမ ၃၆ သန်း၊
တောင်ကိုရီးယားနိုင်ငံသို့ ဒေါ် လာ ၂၄၉ ဒသမ ၄၄ သန်း
တင်ပို့ခဲ့ကြောင်း  စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ  မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ သမ ၁၂၆ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၇၂၄ ဘီလျံကျော် တင်သွင်းထားကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တို ဘာမှ စက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ  ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်းတင်သွင်း ထားသည်။

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့တွင် Business Center  များအပြန်အလှန်တည် ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ် နှံမှုမြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ ရေးဝန်ကြီးဌာနမှ သိရသည်။


၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွင်း မြန် မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှု ပမာဏဒေါ် လာ ၁၃၀၀ သန်းကျော်ရှိပြီး ယခင်နှစ်ကာလ တူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၃၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှစက်တင်ဘာလကုန်အထိ မြန် မာဘက်မှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တန်ဖိုး ဒေါ် လာ ၆၁၆ ဒသမ ၄၆၄ သန်းအထိတင်ပို့ထား ပြီး အိန္ဒိယဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၆၉၆ ဒသမ ၉၃၇  သန်းအထိ တင်သွင်း ထား ကာ စုစုပေါင်းကုန်သွယ်မှု ပမာဏဒေါ်လာ  ၁၃၁၃ ဒသမ ၄၀၁ သန်းရရှိထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမခြောက် လပတ်အတွင်း မြန်မာနိုင်ငံ၏ အဓိကကုန် သွယ်ဖက်နိုင်ငံများအနေဖြင့် တရုတ်နှင့် ၃၃ ရာခိုင်နှုန်းကျော်၊ထိုင်းနှင့် ၁၃ ဒသမ ၆ ရာခိုင် နှုန်း၊ စင်ကာပူနိုင်ငံနှင့် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ဂျ ပန်နိုင်ငံနှင့် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံနှင့် လေးရာခိုင်နှုန်း၊ အခြားနိုင်ငံများနှင့် ၃၄ ဒသမ ၃ ရာခိုင်နှုန်း ကုန်သွယ်နိုင်ခဲ့ကြောင်း   ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ် အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာနှင့်စပ်လ ျဉ်း၍ လေ့လာတွေ့ ရှိ ချက်နှင့် သဘောထားမှတ်ချက်အစီရင် ခံစာ အမှတ်စဉ်  (၈/၂၀၂၀)အရ သိရသည်။

COVID-19 ကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုဒေါ်လာ သန်း ၅၁၀၀ ကျော်သာ ရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၅၀ ကျော်လျော့ကျခဲ့သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစား သောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည် အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်း ကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှု ကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦးတီထွင်ဆောင် ရွက်ခြင်းကဏ္ဍစသည်တို့လည်း ပါဝင်သည် ။

 

news-eleven.com

Export, Import Read 1315 times