ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခံရသော ကုမ္ပဏီ(၃၄၆)ခုနှင့် စပ်လျဉ်း၍ အသိပေးက


25 May, 2022

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခံရသော ကုမ္ပဏီ(၃၄၆)ခုနှင့် စပ်လျဉ်း၍ အသိပေးကြေညာ



ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခံရသော လုပ်ငန်းရှင်များအား ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မေလ၂၄ ရက် ရက်စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။

 

စာရင်းကြည့်ရှုရန် အပြာရောင်ခေါင်စဉ်ကို ထိပါ

(၁၀-၁၁-၂၀၂၁) ရက်နေ့မှ (၁၀-၁၂-၂၀၂၁) ရက်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ  ၃၄၆  ခု  စာရင်း




ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အသိပေးကြေညာခြင်း



၁။ (၁၀-၁၁-၂၀၂၁)ရက်နေ့မှ (၁၀-၁၂-၂၀၂၁)ရက်နေ့အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ များ ပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ(၃၄၆)ခုအား သတ်မှတ်ကာလအတွင်း ပို့ကုန် ရငွေပြန်လည်ဝင်ရောက်မှုမရှိသဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်း ခဲ့ပါသည်။

၂။ ၎င်းကုမ္ပဏီများအနက်

  • ပို့ကုန်ရငွေ ယခင်က ဝင်ရောက်ပြီးဖြစ်၍ ထပ်မံဝင်ရောက်မည် မဟုတ်ကြောင်း စာရင်းရှင်းလင်းသည့် ကုမ္ပဏီများနှင့် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မည့်ကိစ္စ မဟုတ်ကြောင်း သက်သေအထောက်အထားများဖြင့် စာရင်းရှင်းလင်း တင်ပြသည့်ကုမ္ပဏီများ အနေဖြင့် သက်မှတ်ထားသော အခကြေးငွေပေးဆောင်၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ်အသစ် ပြန်လည်လျှောက်ထားရန်နှင့်
     
  • ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းပြီးနောက်ပိုင်းမှသာ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်လာသည့် ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာဘဏ်မှ စာရင်းရှင်းလင်းပြီးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ သတင်းပို့ခဲ့သော နေ့(Reporting Date)၏ နောက်(၁၄)ရက်ပြည့်သည့်အချိန်မှသာ သတ်မှတ်ထားသော အခကြေး ငွေပေးဆောင်၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အသစ် ပြန်လည်လျှောက်ထား ရန်

အသိပေးကြေညာအပ်ပါသည်။

၃။ အထက်ပါကိစ္စရပ်များအား သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်

(က) ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ဆိုင်ရာကိစ္စရပ်များ
ဖုန်းနံပါတ်၊

၀၆၇-၄၀၈၄၁၆၊

၀၁-၃၈၈၂၉၄

(ခ) နည်းပညာဆိုင်ရာကိစ္စရပ်များ
ဖုန်းနံပါတ်၊

၀၆၇-၄၀၈၂၂၁

၀၆၇-၄၀၈၂၂၆

၀၁-၃၇၁၂၁၉၊

၀၁-၃၇၅၆၆၈

 

 

 

Laws and Regulations Read 927 times