ပို့ကုန်ရငွေများနှင့်စပ်လျဉ်း၍ သိသင့်သည့် အချက်များ


14 December, 2023

ပို့ကုန်ရငွေများနှင့်စပ်လျဉ်း၍ သိသင့်သည့် အချက်များ

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

 

၁။        မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ (၆-၁၂-၂ဝ၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် ၂၆/၂၀၂၃ အရ  ပို့ကုန်တင်ပို့သူများအနေဖြင့်  ပို့ကုန်ရငွေပမာဏ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ငွေလဲလှယ်နှုန်းဖြင့် လဲလှယ်ရောင်းချရမည်ဖြစ်ပြီး၊ အဆိုပါငွေပမာဏအား အလုပ်လုပ်ရက်တစ်ရက်အတွင်း သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်မှ  မြန်မာကျပ်ငွေဖြင့် လဲလှယ်ပေးမည်ဖြစ်သည်။

၂။         ကျန်ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို လုပ်ငန်းရှင်ကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ နိုင်ငံခြား ငွေကြေးဈေးကွက် (Online Trading Platform) တွင် ရောင်းချခြင်းတို့ကို ပို့ကုန်ရငွေ ဝင်ရောက်ပြီး တစ်လအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။        ပို့ကုန်ရငွေ၏ ပို့ကုန်ရငွေပမာဏ ၃၅% ၊ ၆၅% အစီအစဉ်သည် ၆-၁၂-၂၀၂၃ ရက်နေ့နှင့်  နောက်ပိုင်း ထွက်ရှိသော ED များ အတွက်ဝင်ရောက်လာမည့် ပို့ကုန်ရငွေများ အတွက်သာ ဖြစ်ပါသည်။

၄။        ၆-၁၂-၂၀၂၃ ရက်နေ့အရှေ့ပိုင်း (ဒီဇင်ဘာလ ၅ ရက် - ၄ ရက် စသည်) ED များအတွက် ဝင်သည့်ငွေများကို ယခင် ၅၀% ၊ ၅၀% အစီအစဉ်ဖြင့်သာ လဲလှယ်နိုင်မည်ဖြစ်ပါသည်။

၅။        ၆-၁၂-၂၀၂၃ ရက်နေ့နှင့် နောက်ပိုင်း ဝင်ရောက်လာသည့် ကြိုတင်ရငွေများကိုလည်း ၃၅ % ၊ ၆၅ % အစီအစဉ်ဖြင့် လဲလှယ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

၆။        နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading Platform) တွင် နိုင်ငံခြားငွေ ဝယ်ယူထားသူများအနေဖြင့် ဝယ်ယူထားသည့် နိုင်ငံခြားငွေအား ပို့ကုန်ရငွေဝင်ရောက်သည့်နေ့မှစ၍ တစ်လ အတွင်း ပြန်လည် လွှဲပြောင်း သုံးစွဲရပါမည်။

၇။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းချက်အရ ပုံမှန်ကုန်သွယ်မှု၊ နယ်စပ်ကုန်သွယ်မှု၊ CMP လုပ်ငန်းများ စသည်တို့အားလုံးအကျုံးဝင်ပါသည်။

၈ ။       အတိုချုပ်အားဖြင့် ပို့ကုန်ရငွေများကို အောက်ပါအတိုင်းလဲလှယ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

 
(က)     Normal Trade အတွက်

(၁)       (၃-၄-၂၀၂၂) ရက်နေ့မတိုင်မီကာလ ၁၀၀% ခံစားခွင့်၊

            ED ထွက်ရှိသည့်

(၂)        (၃-၄-၂ဝ၂၂) ရက်နေ့မှ (၁၂-၇-၂၀၂၃) ရက်နေ့အထိ ၆၅%၊ ၃၅% ၊
(၃)        (၁၃-၇-၂၀၂၃) ရက်နေ့မှ (၅-၁၂-၂ဝ၂၃) ရက်နေ့အထိ ၅၀%၊ ၅၀%၊
(၄)       (၆-၁၂-၂၀၂၃) ရက်နေ့မှစတင်၍ ၃၅%၊ ၆၅%

(ခ)       Border Trade အတွက်

(၁)       (၅-၈-၂၀၂၂) ရက်နေ့မတိုင်မီကာလ ၁၀၀% ခံစားခွင့်၊

ED ထွက်ရှိသည့်

(၂)        (၅-၈-၂ဝ၂၂) ရက်နေ့မှ (၁၂-၇-၂၀၂၃) ရက်နေ့အထိ
 ၆၅% ၊ ၃၅%
(၃)       (၁၃-၇-၂၀၂၃) ရက်နေ့မှ (၅-၁၂-၂၀၂၃) ရက်နေ့အထိ
 ၅၀%၊ ၅၀%၊
(၄)       (၆-၁၂-၂၀၂၃) ရက်နေ့မှစတင်၍ ၃၅%၊ ၆၅% တို့ကို
AD လိုင်စင်ရဘဏ်များမှ ဆောင်ရွက်ပေးခြင်းတို့ပါရှိသည်။

ယင်းတို့ကိုပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များကို အသိပေးရန်နှင့် AD လိုင်စင်ရဘဏ်များကို ညွှန်ကြားထားကြောင်းသိရှိရသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)


TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

 

.

.

.

Export, Import Laws and Regulations Read 342 times