ပို့ကုန်ရငွေများ ဘဏ်ငွေစာရင်းသို့ ထည့်သွင်းရန် ကိစ္စရပ်နှင့် စပ်လျဉ်း၍ စီးပွားကူးသန်း ဝန်ကြီးဌာနမှ အ


27 April, 2022

ပို့ကုန်ရငွေများ ဘဏ်ငွေစာရင်းသို့ ထည့်သွင်းရန် ကိစ္စရပ်နှင့် စပ်လျဉ်း၍ စီးပွားကူးသန်း ဝန်ကြီးဌာနမှ အသိပေးကြေညာ


 ပို့ကုန်ရငွေများ ဘဏ်ငွေစာရင်းသို့ ထည့်သွင်းရန် ကိစ္စရပ်နှင့် စပ်လျဉ်း၍ စီးပွားကူးသန်း ဝန်ကြီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။



အသိပေးကြေညာချက်


၁။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၁) တို့အရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ (၃) လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရမည်ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါသည်။ 


၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက် များအား လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိသည့် ၂၀၁၆ ခုနှစ်တွင် ပို့ကုန်လုပ်ငန်း ဆောင်ရွက်ခဲ့သောကုမ္ပဏီ (၁၂) ခု၊ ၂၀၁၇ ခုနှစ်တွင် ပို့ကုန်လုပ်ငန်းဆောင်ရွက် ခဲ့သောကုမ္ပဏီ (၇၂) ခု၊ ၂၀၁၈ ခုနှစ်တွင် ပို့ကုန်လုပ်ငန်းဆောင်ရွက်ခဲ့သော ကုမ္ပဏီ (၉၃) ခု၊ စုစုပေါင်းကုမ္ပဏီ (၁၇၇) ခုအား ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်း၍ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ 


၃။ သို့ဖြစ်ပါ၍ ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေ များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသောကာလအတွင်း ဝင်ရောက်ခြင်းမရှိပါက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အား ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

(၂၇-၄-၂၀၂၂)

Banking & Loan Export, Import Read 1234 times