မြန်မာနိုင်ငံတွင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ အသုံးပြုနိုင်ရန် EXPERIAN ကူညီပံ့ပိုး


10 May, 2019

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှာ ပြီးပြည့်စုံတဲ့ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ရယူအသုံးပြုနိုင်ရန်အတွက် Experian က အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရပါတယ်။

Experian ဟာ ကိုယ်ပိုင်နည်းပညာဖြင့် တယ်လီဖုန်းအသုံးပြုသူများရဲ့ သုံးစွဲမှုနဲ့ သုံးစွဲပုံအလေ့အထဆိုင်ရာ ဒေတာအချက်အလက်အပေါ် သုံးသပ်ဆန်းစစ်ထားတဲ့ သတင်းအချက်အလက်များကို အခြေခံကာ တရားဝင်ချေးငွေသုံးစွဲမှု မှတ်တမ်းရှိနေရန် မလိုအပ်ဘဲ တစ်ဦးတစ်ယောက်ချင်းစီ ငွေကြေးဆိုင်ရာအထောက်အထားများ ရရှိစေရန် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

"Experian အနေနဲ့ Alternative Data ကို အသုံးပြုပြီး အရှေ့တောင်အာရှ တစ်ဝန်းမှာရှိတဲ့ ဘဏ်စာရင်းမရှိသူများနဲ့ ဘဏ်စာရင်းဖွင့်ဖို့ လက်လှမ်းမမှီသူများအတွက် ငွေကြေးဆိုင်ရာအထောက်အထားတွေ ရရှိစေဖို့ လုပ်ဆောင်ခဲ့ပါတယ်။ အခြားကြိုးစားအားထုတ်မှုဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ CekAja နဲ့ RinggitPlus တို့လို ဒေသတွင်း ငွေကြေးဆိုင်ရာ ဈေးကွက်နေရာများနဲ့ ပူးပေါင်းပြီး ဒေသတွင်း ဆက်လက်တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရင်း ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေကို လက်လှမ်းမှီ သုံးစွဲလာနိုင်အောင် လုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်" လို့ Experian ရဲ့ Southeast Asia & Emerging Markets ဌာနမှ မန်နေဂျင်း ဒါရိုက်တာ Dev Dhiman က ပြောပါတယ်။

Ministry of Commerce Myanmar 

Local News Banking & Loan Read 385 times