စွန့်ပစ်ပလတ်စတစ် တင်ပို့မှု အီးယူ ပိတ်ပင်မည်


19 November, 2023

စွန့်ပစ်ပလတ်စတစ် တင်ပို့မှု အီးယူ ပိတ်ပင်မည်

TO GET INSTANT UPDATE
https://t.me/Guid4U
 
Join Telegram Channel

ဥရောပလွှတ်တော်အမတ်များနှင့် အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၆ ခုနှစ် နှစ်လယ်မှစ၍ ချမ်းသာသောနိုင်ငံအများစု ပါဝင်သည့် OECD အုပ်စုပြင်ပနိုင်ငံများသို့ စွန့်ပစ်ပလတ်စတစ်များ တင်ပို့ခြင်းကို တားမြစ်ရန် သဘောတူညီခဲ့ကြသည်။

အီးယူသည် OECD မဟုတ်သော နိုင်ငံများသို့ တင်ပို့ခြင်းကို တားမြစ်ခြင်းဖြင့် ၎င်း၏ ပလတ်စတစ် စွန့်ပစ်ခြင်းများအတွက် တာဝန်ယူတော့မည် ဖြစ်သည်။
 ဥရောပပါလီမန်အဖွဲ့ဝင် ဒိန်းမတ်နိုင်ငံသား Pernille Weiss က "အမှိုက်ကို စနစ်တကျ စီမံခန့်ခွဲရင် အမှိုက်ဟာ အရင်းအမြစ် ဖြစ်ပါတယ်။ ဘယ်လို အ‌ခြေအနေမျိုးမှာမဆို  ပတ်ဝန်းကျင် နှင့် လူ့ကျန်းမာရေးကို ထိခိုက်မှု မဖြစ်စေသင့်ပါ”ဟု ပြောကြားသည်။

OECD နိုင်ငံများသို့ စွန့်ပစ် ပလတ်စတစ် တင်ပို့မှုကို တင်းတင်းကျပ်ကျပ် ထိန်ူချုပ်မည်။ OECD မဟုတ်သည့် နိုင်ငံများသို့ စွန့်ပစ် ပလတ်စတစ် တင်ပို့မှုကို လုံးဝ ရပ်ပစ်မည် ဖြစ်သည်။
၅ နှစ်ကြာပြီးချိန်တွင် အီးယူ စွန့်ပစ်ပလတ်စတစ် တင်သွင်းလိုသည့် နိုင်ငံများသည် စွန့်ပစ်ပလတ်စတစ်များကို မည်သို့ သုံးစွဲမည်ကို တင်ပြပြီး  ခွင့်ပြုချက် လျှောက်ထားရမည် ဖြစ်သည်။  
ဥရောပမှာ စွန့်ပစ်ပလပ်စတစ် အများစုကို မီးရှို့ ဖျက်ဆီးပစ်သည်။ တဖန်ပြန်လည်သုံးစွဲသည်မှာ သုံးပုံတပုံထက် နည်းသည်။

OECD အဖွဲ့ဝင်များထဲတွင် တူရကီသည် အီးယူစွန့်ပစ်ပလတ်စတစ် အများဆုံး တင်သွင်းသူ ဖြစ်သည်။

Source theguardian 
TO GET INSTANT UPDATE
https://t.me/Guid4U
 
Join Telegram Channel

 

Laws and Regulations Read 225 times