အိန္ဒိယ ဆီချက်စက်ရုံ ဝါးမှ အီသနော ထုတ်လုပ်ရန် လမ်းသစ်ထွင်


10 October, 2023

အိန္ဒိယ ဆီချက်စက်ရုံ ဝါးမှ အီသနော ထုတ်လုပ်ရန် လမ်းသစ်ထွင်

o Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အိန္ဒိယနိုင်ငံတွင်  ဝါးမှ အီသနော ထုတ်လုပ်မည့် ဆီချက်စက်ရုံ တရုံကို ဒီဇင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ 

နိုင်ငံပိုင် ဆီချက်စက်ရုံ Numaligarh Refinery Ltd သည် မြန်မာနိုင်ငံအနီးရှိ အာသံပြည်နယ်တွင် တည်ရှိသည်။ ၎င်းစက်ရုံမှ တစ်နှစ်လျှင် အီသနော တန် ၅ သောင်း ထုတ်လုပ်ရန် မျှော်မှန်းထားသည်။ လမ်းသစ်ထွင်သည့် နည်းပညာဖြင့် ဝါးမှ အီသနော ထုတ်လုပ်မည်ဟု မန်နေးဂျင်း ဒါရိုက်တာ Bhaskar Phukan က ပြောကြားသည်။

အိန္ဒိယတွင် စွမ်းအင်လိုအပ်ချက် များပြားလာခြင်းကို ရုပ်ကြွင်းလောင်စာများ ပိုမိုအသုံးပြုခြင်းဖြင့် ဖြေရှင်းပေးနေရသည်။ သို့ဖြစ်ရာ အစားထိုးနိုင်မည့် နည်းလမ်းများကို ရှာဖွေနေကြသည်။ 
ယခုအခါ ဓာတ်ဆီတွင် အီသနော ၁၂% ရောနှော သုံးစွဲရန် ပြဋ္ဌာန်းထားပြီး ၂၀၂၅ ခုနှစ်တွင် အီသနော ၂၀% ပါဝင်သည့် ဓာတ်ဆီ (E20) ကို မဖြစ်မနေ သုံးစွဲရန် ပြဋ္ဌာန်းမည် ဖြစ်သည်။ သို့ဖြစ်ရာ အီသနော လိုအပ်ချက် ပိုများလာမည်။ လက်ရှိတွင် အီသနော ထုတ်လုပ်ရန် ကြံရည်ကို အဓိကထား သုံးစွဲသည်။

"အာသံမှာ ဝါးတွေကို နှစ်လုံးပေါက် ရနိုင်ပါတယ်"ဟု Pukhan က ပြောကြားသည်။ 

 ဆီချက်စက်ရုံသည် ဝါးပင်များ အမြောက်အမြား စိုက်ပျိုးမည့် ကမ်ပိန်း စတင်ဖို့ ရည်ရွယ်ထားသည်။ 
တစ်ရှူးမွေးမြူခြင်း tissue-cultured TC နည်းလမ်းဖြင့် ဝါးပင်ပေါက် ၆ သန်း ထုတ်လုပ်ပြီး စိုက်ပျိုးမည်။

Numaligarh Refinery Ltd သည် တစ်ရှူးမွေးမြူခြင်းဖြင့် ဝါးပင်ပေါက် ထုတ်လုပ်ခြင်းကို တိုးမြှင့်မည်ဖြစ်ပြီး ၂ နှစ်အတွင်းမှာ ၁ နှစ်လျှင် ဝါးပင်ပေါက် သန်း ၂၀ စိုက်ပျိုးသည့် ရေချိန်သို့ ရောက်ရှိပြီး စက်ရုံအတွက် ဝါးကုန်ကြမ်း လိုအပ်ချက်ကို ဖြည့်တင်းမည် ဖြစ်သည်။


Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

How To Read 326 times