စွမ်းအင်လုပ်ငန်းကြီး Esso ထိုင်းမှ ထွက်ခွာ


30 August, 2023

စွမ်းအင်လုပ်ငန်းကြီး Esso ထိုင်းမှ ထွက်ခွာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Esso ၏ လက်အောက်ခံ လုပ်ငန်းတစ်ခု ဖြစ်ပြီးထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၁၂၉ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် Esso Thailand နိဂုံးချုပ်တော့မည် ဖြစ်သည်။
ရေနံကုမ္ပဏီ Esso Thailand သည် ၎င်း၏ စက်သုံးဆီဆိုင်များမှ  Esso လိုဂိုများကို ဩဂုတ်လ (၃၁) ရက်နေ့တွင် ဖယ်ရှားရန် စီစဉ်ထားသည်။ 

Esso ထိုင်းမှ ထွက်ခွာရခြင်းသည်  ထိုင်းရေနံကုမ္ပဏီ Bangchak Corporation (BCP) မှ Esso Thailand ၏ ရှယ်ယာအများစု ၆၅.၉၉ ရာခိုင်နှုန်းကို ExxonMobil Asia Holdings Pte ထံမှ ဇန်နဝါရီ ၁၂ ရက်တွင် ရယူခဲ့ခြင်းကြောင့် ဖြစ်သည်။

Esso Thailand ၏ ရှယ်ယာ ၂.၂၈ ဘီလီယံကို ဝယ်ယူမှုအတွက် ဘတ်ငွေ ၂၂.၆၀ ဘီလီယံ ပေးချေမှုကို ကြာသပတေးနေ့(ဩဂုတ် ၃၀)တွင် ဆောင်ရွက်ရန် စီစဉ်ထားသည်။

ထို့အပြင် Bangchak က ကျန်ရှိ Esso Thailand ရှယ်ယာ ၃၄.၀၁% ဖြစ်သည့် ရှယ်ယာ ၁.၂၇ ဘီလီယံကို ဘတ် ၁၁.၆၅ ဘီလီယံဖြင့် ဝယ်ယူမည်ဖြစ်ပြီး ငွေပေးချေမှုကို ယခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဆောင်ရွက်ရန် စီစဉ်ထားသည်။

Bangchak သည် တနင်္လာနေ့ (ဩဂုတ် ၂၈) တွင် ရှယ်ယာများ ဝယ်ယူရန် အကြောင်းကြားစာကို Securities and Exchange Commission ထံ ပေးပို့ခဲ့သည်။

ဝယ်ယူပြီးနောက် Bangchak သည် တစ်နေ့လျှင် စည်ပေါင်း ၁၇၄,၀၀၀ ထုတ်လုပ်နိုင်သော ရေနံချက်စက်ရုံများကို လွှဲပြောင်းရယူမည်ဖြစ်သည်။ ထို့ပြင် ရေနံစည်ပေါင်း ၇.၄ သန်း သိုလှောင်ပေးနိုင်သော ရေနံသိုလှောင်ရုံများ ကွန်ရက်တစ်ခုကိုလည်း ရယူမည်။ ထိုင်းနိုင်ငံတလွှားမှ စက်သုံးဆီ အရောင်းဆိုင် ၇၀၀ ကျော်ကိုလည်း ရရှိမည် ဖြစ်သည်။ 

Source nationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Investment/Divestment Read 636 times