EPS-TOPIK အရည်အချင်းစစ်စာမေးပွဲ ပြန်လည်ကျင်းပရန်စီစဉ်


06 June, 2022

EPS-TOPIK အရည်အချင်းစစ်စာမေးပွဲ ပြန်လည်ကျင်းပရန်စီစဉ်

တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသား လုပ်သားများအတွက် EPS-TOPIK စာမေးပွဲများ ပြန်လည်ကျင်းပနိုင်ရန် မြန်မာ၊ ကိုရီးယားနှစ်နိုင်ငံက သက်ဆိုင် ရာ တာဝန်ရှိသူများအကြား ဆွေးနွေးညှိနှိုင်း ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင်Employment Permit System EPS စနစ်ဖြင့် သွားရောက်လုပ်ကိုင်ခွင့်ရရှိမည့် EPS-TOPIK အရည်အချင်းစစ် စာမေးပွဲကို ၁၃ ကြိမ်အထိ ကျင်းပပြုလုပ်ခဲ့ပြီးပြီ ဖြစ်ပါသည်။ စာမေးပွဲ ဖြေဆိုကြသူများလည်း အမြဲတစေ လွန်စွာများပြားခဲ့ပါသည်။

EPS-TOPIKစာမေးပွဲ ဖြေဆိုအောင်မြင်ထားသူများကို တန်းစီဇယားအလိုက် စေလွှတ်လျက်ရှိကြောင်း သိရပါသည်။

EPS-TOPIKစာမေးပွဲ ဖြေဆိုအောင်မြင်ထားသူဦးရေ ၃,၉ဝဝ ဝန်းကျင် ကျန်ရှိနေသည့်အနက် 
 ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ မေ ၃ဝ ရက်အထိ ကိုဗစ်အလွန် ကာလအတွင်း လေးပုံတစ်ပုံ ဝန်းကျင်ကို တောင်ကိုရီးယားသို့ စေလွှတ်ပေးခဲ့ပြီးပြီဟု သိရပါသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ လျော့ကျလာသည့်အတွက် တစ်လလျှင် EPS-TOPIK စာမေးပွဲ ဖြေဆို အောင်မြင်ပြီးသူ များအနက် ပုံမှန်အားဖြင့် ဦးရေ ၁ဝဝ မှ ၂ဝဝ အကြားကို ကိုရီးယားနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ခြင်း ဖြစ်ပါသည်။
လွန်ခဲ့သည့် တစ်နှစ်ကျော် ကာလအတွင်းမှာ EPS-TOPIK စာမေးပွဲဖြေဆိုအောင်မြင်ပြီးသူ ၄၂,၈၃၂ ဦးကို ကိုရီးယားနိုင်ငံသို့ တရားဝင်စေလွှတ်ခဲ့ပြီး ယခုအခါ တောင်ကိုရီးယားနိုင်ငံမှာ တရားဝင်စေလွှတ်ထားသည့်  မြန်မာလုပ်သားဦးရေ ၂၇,ဝဝဝ ဝန်းကျင် တရားဝင်နေထိုင်ကာ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။


ဗီဇာလျှောက်ထားရာတွင် သတ်မှတ်ဆေးခန်းတွင် ကျန်းမာရေးစစ်ဆေး၍ဆေးအောင်မြင်မှသာ ဗီဇာလျှောက်ထားရမည် ဖြစ်ပါသည်။
လိုအပ်သည့် စာရွက်စာတမ်းများမှာ
နောက်ခံအဖြူနှင့် ခြောက်လအတွင်းရိုက်ထားသည့် ဓာတ်ပုံ(၁၀)ပုံ
ကိုဗစ်ဆေး နှစ်ကြိမ်တိုင်တိုက် ထိုးနှံပြီးစီးကြောင်းလက်မှတ် (ကာကွယ်ဆေးထိုးနှံပြီးသူများသာ တောင်ကိုရီးယားနိုင်ငံက ဝင်ရောက်ရန် ခွင့်ပြုပါသည်)
နိုင်ငံကူးလက်မှတ်၊ 
နိုင်ငံသားစိစစ်ရေးကတ်ပြား၊ 
သန်းခေါင်စာရင်း
ကိုရီးယားသံရုံးတွင် ဗီဇာလျှောက်ထားနိုင်ရန်အတွက် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ (မှတ်ချက်တွင် ဗီဇာလျှောက်ထားရန်ဟုသာ ဖော်ပြရန်)

(အထက်ဖော်ပြပါ အချက်အလက်တို့သည် အ‌ခြေအနေနှင့် အချိန်အခါအရ အပြောင်းအလဲ ရှိနိုင်ပါသည်)
#MyanmarIndustryGuide

Labour Affairs Read 2922 times