EPS-TOPIK စာမေးပွဲ မကြာမီကာလအတွင်း ကျင်းပမည် 


25 June, 2022

EPS-TOPIK စာမေးပွဲ မကြာမီကာလအတွင်း ကျင်းပမည် 

EPS-TOPIK စာမေးပွဲ မကြာမီကာလအတွင်း ကျင်းပမည်  ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးကြေညာထားပါသည်။


ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသူများအတွက် အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့် စနစ်(Recruitment Point System)ဖြင့် ပဉ္စမအကြိမ်နှင့် ဆဌမအကြိမ် ကိုရီးယားဘာသာ အရည် အချင်းစစ်(EPS-TOPIK , Computer Based Test ) စာမေးပွဲ ကျင်းပပြုလုပ်ရန် ကြိုတင်အသိပေးခြင်း (၁၄ ကြိမ်မြောက်နှင့် ၁၅ ကြိမ်မြောက် EPS-TOPIK စာမေးပွဲ)

(၁) ၂၀၂၂ ခုနှစ်အတွက် EPS-Topik ၁၄ ကြိမ်မြောက် (ကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်း)နှင့် ၁၅ ကြိမ်မြောက် (စိုက်ပျိုးရေးနှင့်မွေးမြူရေး) စာမေးပွဲ လျှောက်လွှာလက်ခံခြင်းကို online စနစ်ဖြင့် မကြာမီကာလအတွင်း ဆောင်ရွက်ရန် လျာထားပါသည်၊

(၂) စာမေးပွဲလျှောက်လွှာတင်သွင်းသူများသည် နိုင်ငံကူးလက်မှတ်အမျိုးအစား Passport for Visit (PV) သို့မဟုတ် Passport for Job (PJ) ဖြင့် လျှောက်ထားနိုင်ပါသည်၊ (Passport စာအုပ် သက်တမ်းရှိသူများအား စာမေးပွဲလျှောက်လွှာတင်သွင်းခြင်းကို လက်ခံပေးသွားမည်ဖြစ်ပါသည်။)

(၃) သို့ရာတွင် စာမေးပွဲအောင်မြင်သူများသည် အလုပ်လျှောက်လွှာတင်သွင်းရာ၌ နိုင်ငံကူးလက်မှတ် အမျိုးအစား Passport for Job (PJ) ဖြင့်သာ လျှောက်လွှာလက်ခံမည်ဖြစ်ပြီး သက်တမ်း အနည်းဆုံး (၁)နှစ်ရှိရမည်ဖြစ်သည်၊

(၄) စာမေးပွဲကို Computer Based Test စနစ်ဖြင့် ဖြေဆိုရမည်ဖြစ်ပြီး အခြေခံကျွမ်းကျင်မှု စစ်ဆေးခြင်း (Skills Test) အနေဖြင့် ကိုယ်ကာယကြံ့ခိုင်မှု (အရပ်အမြင့်နှင့် ကိုယ်အလေးချိန် တိုင်းတာ ခြင်း)နှင့် အရောင်များအားခွဲခြား နိုင်စွမ်းရှိ/မရှိ(Colour Blind) မျက်စိစစ်ဆေးခြင်းတို့ကိုပါ တပါတည်း စစ်ဆေးသွားမည်ဖြစ်ပါသည်။

(၅) စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းခြင်းနှင့် စာမေးပွဲကျင်းပမည့် အသေးစိတ်အစီ အစဉ်ကို နိုင်ငံပိုင်သတင်းစာ၊ အလုပ်သမားဝန်ကြီးဌာန website (https:// www. mol.gov.mm)၊ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ Facebook POEA-EPS တို့တွင် အသိပေးကြေညာသွားမည်ဖြစ်ပါ သည်၊

(၆) စာမေးပွဲကျင်းပမည့်အစီအစဉ်နှင့်စပ်လျဉ်း၍ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကြေညာသည့် သတင်းအချက်အလက်များသည်သာ အတည်ဖြစ်ပါသည်။

(၇) စာမေးပွဲဖြေဆိုခွင့် သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် မိမိဆန္ဒအလျောက် လျှောက်ထား ဖြေဆိုနိုင်ပြီး၊ ဖြေဆိုအောင်မြင်ပြီးသူတိုင်း ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် ရမည်ဟု အာမ မခံပါ။

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ
 

Labour Affairs Local News Read 809 times