စွန့်ဦးတီထွင်ပွဲတော် (Entrepreneur Carnival 2018) ကျင်းပသွားမည်


11 July, 2018

ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်ချင်တဲ့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် စွန့်ဦးတီထွင်ပွဲတော် (Entrepreneur Carnival 2018) ကို သြဂုတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ တပ်မတော်ခန်းမတွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

တတိယအကြိမ်မြောက်ကျင်းပတဲ့ ၎င်းပွဲတော်ကို မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်းက ကျင်းပတာဖြစ်ပါတယ်။

စွန့်ဦးတီထွင်လိုသူတွေအတွက် ဈေးကွက်ချိတ်ဆက်ပေးနိုင်ဖို့၊ ငွေကြေးအရင်းအနှီးတွေ ချိတ်ဆက်ပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး လုပ်ငန်းစတင်တည်ထောင်လိုသူတွေအတွက် မြေတောင်မြောင်ပေးဖို့နဲ့ လူမှုစီးပွားရေး လုပ်ငန်းတွေ၊ နည်းပညာအခြေခံသော စီးပွားရေးလုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုကိုအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

စီးပွားရေးလုပ်ငန်းစုတွေနဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေက လုပ်ငန်းရှင်တွေရဲ့ ဆွေးနွေးပွဲတွေ၊ ဟောပြောပို့ချမှုတွေ ပါဝင်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွေ့ဆုံချိတ်ဆက်မယ့်အစီအစဉ်တွေအပြင် အချိန်တိုသင်တန်းတွေပါ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ နည်းပညာအခြေခံလုပ်ငန်းတွေနဲ့ အသေးစားလုပ်ငန်းတွေအတွက် ပြခန်းနေရာတွေအပြင် ပြခန်းနေရာတွေကို လျှောက်ထားသူတွေထဲက အခမဲ့ပေးသွားမယ်လို့လည်း သိရပါတယ်။

ဝင်ကြေးအနေဖြင့် အခမဲ့ဝင်ခွင့်ပြုမှာဖြစ်ပြီး အွန်လိုင်းကနေ မှတ်ပုံတင်ပြီး လာရောက်နိုင်ကြောင်း သိရပါတယ်။

 Myanmar Info Hub

Events & Exhibition Read 622 times