ဂျပန်ထိပ်တန်း ကြက်ဥလုပ်ငန်း စင်ကာပူ၏ စတုတ္ထမြောက် ကြက်ဥထုတ်လုပ်ရေးခြံတွင် ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြ


27 October, 2022

ဂျပန်ထိပ်တန်း ကြက်ဥလုပ်ငန်း စင်ကာပူ၏ စတုတ္ထမြောက် ကြက်ဥထုတ်လုပ်ရေးခြံတွင် ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

.စင်ကာပူ၏ စတုတ္ထမြောက် ကြက်ဥထုတ်လုပ်ရေးခြံကို ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်သည်။
.
ပြည်တွင်းလုပ်ငန်း ISE Foods Holdings (IFH) က စင်ကာပူ စားသောက်ကုန် အေဂျင်စီ (SFA)ထံမှ ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း အင်္ဂါနေ့ (အောက်တိုဘာ ၂၅) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၁၀ ဟက်တာခန့် ကျယ်သော မြေကွက်တွင် ကြက်ဥများ စီးပွားဖြစ် ထုတ်လုပ်မည်။
.
စင်ကာပူကုမ္ပဏီကို ဂျပန်ထိပ်တန်း ကြက်ဥလုပ်ငန်း ISE Japan က ကျောထောက်နောက်ခံ ပြုပေးထားသည်။ ကြက်ခြံအတွက် စင်ကာပူဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသည်။

.

 

ISE Japan သည် အမေရိကန်၊ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းတို့တွင် ကြက်ဥများ စီးပွားဖြစ် ထုတ်လုပ်လျက်ရှိသည်။
.
စင်ကာပူ ကြက်ဥလုပ်ငန်းသည် ကြက်ဥများအပြင် ရက်သား ကြက်ပေါက်များလည်း ဥဖောက်ပြီး ထုတ်လုပ်ရောင်းချမည် ဖြစ်သည်ဟု ISE Food Holdings က ပြောကြားသည်။
.
စင်ကာပူကြက်ဥ လိုအပ်ချက်ကို ပြည်တွင်း ကြက်ဥထုတ်လုပ်မှုက ၃၀% ခန့် ဖြည့်ဆည်းပေးလျက်ရှိသည်။ စင်ကာပူ၏ စတုတ္ထမြောက် ကြက်ဥထုတ်လုပ်ရေးခြံက ၂၀% အထိ ဖြည့်ဆည်းပေးရန် မျှော်မှန်းထားသည်။ သို့ဖြစ်ရာ ပြည်တွင်းကြက်ဥထုတ်လုပ်မှုသည် စုစုပေါင်း ၅၀% အထိ ရှိလာမည် ဖြစ်သည်။
.
ကြက်ခြံဆောက်လုပ်ရေး ပထမအဆင့်ကို ၂၀၂၃ ပထမ ၃လပတ်တွင် စတင်မည်။
.
စစချင်းတွင် ရက်သားကြက်ပေါက်များကို ပြည်ပမှ တင်သွင်းပြီး မွေးမြူမည် ဖြစ်သည်။ နောက်ပိုင်း ကြက်သားပေါက်များ ရရှိလာသည့်အခါ ၎င်းကြက်သားပေါက်များကို မွေးမြူသွားမည် ဖြစ်သည်။ 
.
စင်ကာပူတွင် လုပ်ကိုင်လျက် ရှိသော ကြက်ဥထုတ်လုပ်ရေးလုပ်ငန်းများသည် ရက်သားကြက်ပေါက်များကို ပြည်ပမှတင်သွင်းပြီး မွေးမြူကြသည်။ ကိုယ်တိုင် ဥဖောက်ပြီး ကြက်ပေါက် ထုတ်လုပ်ရယူခြင်း မပြုကြချေ။
Source: CNA

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Agriculture & Livestock Investment/Divestment Read 387 times