အခါနှောင်းမှ ထုတ်လုပ်လိုက်တဲ့ အီလက်ထရွန်းနစ်မတ်စ်


10 December, 2022

အခါနှောင်းမှ ထုတ်လုပ်လိုက်တဲ့ အီလက်ထရွန်းနစ်မတ်စ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

LG Electronics သည် အီလက်ထရွန်းနစ်မတ်စ်များအတွက် အစိုးရဘေးကင်းရေး စည်းမျဉ်းစံနှုန်းများကို အကောင်အထည်ဖော်မှု နောက်ကျခြင်းကြောင့် ၎င်း၏ အီလက်ထရွန်းနစ်မတ်စ်များကို အခါနှောင်းမှ ထုတ်လုပ်နိုင်ခဲ့သည်။

တောင်ကိုရီးယားအစိုးရက အဆောက်အဦအတွင်း မတ်စ်တပ်ခိုင်းသည့် ကိုဗစ်စည်းကမ်းချက်များကို လာမည့် နှစ်ဆန်းပိုင်းတွင် ရုပ်သိမ်းတော့မည် ဖြစ်သည်။ သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်တွင် ဖြန့်ချိရန် အခါနှောင်းနေပြီ ဖြစ်သည်။

LG Puricare Mask ကို ၂၀၂၀ နိုဝင်ဘာလတွင် ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှာ စတင်ဖြန့်ချိခဲ့သည်။ ထို့နောက် အခြားနိုင်ငံများသို့ တိုးချဲ့တက်ပို့ခဲ့ရာ ၂၃ နိုင်ငံအထိ ဖြစ်လာခဲ့သည်။

အီလက်ထရွန်းနစ်မတ်စ်များကို နိုင်ငံပေါင်း ၂၀ ကျော်တွင် ရောင်းချနေခဲ့သော်လည်း တောင်ကိုရီးယား အစိုးရ သတ်မှတ်ထားသော ဘေးကင်းရေးစံနှုန်းများ ကင်းမဲ့နေခြင်းကြောင့် တောင်ကိုရီးယားတွင် ဖြန့်ချိမှုကို ပိတ်ပင်ထားခဲ့သည်။ 
LG Puricare Mask ဟု အမည်ပေးထားသော အီလက်ထရွန်းနစ်မတ်စ်ကို LG Electronics က ဘေးကင်းရေး စံနှုန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ခဲ့ပြီးမှ တောင်ကိုရီးယားတွင် ဖြန့်ချိခွင့် ရရှိခဲ့သည်။ ပြည်ပဈေးကွက်များတွင် ရောင်းချခဲ့နေသည်မှာ ၂၅ လ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
LG Puricare Mask တွင် လေသန့်စနစ် ပါသည်။ 0.01 micrometer အထိ သေးငယ်သော အမှုန်အမွှားများကို ဆန်ကာစစ်ပေးနိုင်သည်။
 မတ်စ်၏ ဝဲနှင့်ယာတွင် ပန်ကာတစ်လုံးစီပါသည်။ အသက်ရှူသွင်းခြင်း၊ ရှူထုတ်ခြင်းကို မတ်စ်က သိနိုင်စွမ်းရှိသည်။ အာကစား လှုပ်ရှားနေစဉ်၌ပင်လျှင် သက်သောင့်သက်သာဖြင့် အသက်ရှူ၍ ရသည်။ လေစစ်တို့ကို တစ်လတစ်ကြိမ် အသစ်လဲတပ်ဖို့ လိုသည်။ ကျားမ မရွေး၊ မည်သည့်အသက်အရွယ်မဆို မျက်နှာနှင့် အံကိုက်ဖြစ်အောင် ချိန်ညှိ၍ ရသည်။ 
Source koreatimes 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

How To Read 3859 times