e-Commerce နှင့် Online ဖြင့် လုပ်ကိုင်သည့် SME/MSMEs လုပ်ငန်းများ ASEAN Online Sale Day (AOSD-2022)


20 July, 2022

e-Commerce နှင့် Online ဖြင့် လုပ်ကိုင်သည့် SME/MSMEs လုပ်ငန်းများ ASEAN Online Sale Day (AOSD-2022) တွင် ပါဝင်နိုင်ရေး ဖိတ်ခေါ်

မြန်မာနိုင်ငံရှိ e-Commerce လုပ်ငန်းများ၊ Online ဖြင့် ဆောင်ရွက်လျက်ရှိသည့် SME/MSMEs လုပ်ငန်းများ ASEAN Online Sale Day (AOSD-2022) တွင် ပါဝင်နိုင်ရေး ဖိတ်ခေါ်ကြောင်း အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။


အာဆီယံနိုင်ငံများအချင်းချင်း e-Commerce ဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးတက်စေရန်အတွက် အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့ (ASEAN ONLINE SALE DAY-AOSD) အား ၂၀၂၀ ပြည့်နှစ် တွင် စတင်ကျင်းပခဲ့ရာ ယခုအခါ (၃) နှစ်မြောက်နေ့အဖြစ် ၂၀၂၂ ခုနှစ်အတွက် (၈-၈-၂၀၂၂) ရက်နေ့မှ (၁၀-၈-၂၀၂၂) နေ့အထိ ကျင်းပပြုလုပ်ရန် လျာထားဆောင်ရွက်လျက်ရာ မြန်မာနိုင်ငံမှ e-Commerce လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီးလေ့လာရန် URL လုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လေ့လာရန် URL မှာ
http://www.onlineasean.com/

  ဖြစ်ပါသည်။

AOSDကျင်းပရခြင်းမှာ ဒေသတွင်းရှိ နယ်စပ်ဖြတ်ကျော် e-Commerce ကိုအားပေး ကူညီရန်e-Commerce တွင် စားသုံးသူယုံကြည်မှုပိုမိုတိုးတက်လာစေရန်၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား တစ်ခုဖြစ်သော e-Commerce ၏ အခန်းကဏ္ဍကိုပိုမို အားဖြည့်ပေးရန်နှင့် အာဆီယံနိုင်ငံများ၏ e-Commerce စီးပွားရေးလုပ်ငန်းများ SME/ MSMEs နှင့် စားသုံးသူများအတွက် အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ AOSD 2022 တွင် အခြား ASEAN နိုင်ငံများနည်းတူ မြန်မာနိုင်ငံမှ တားမြစ်ကန့် သတ်ထားခြင်းမရှိသော ကုန်ပစ္စည်များနှင့်ဝန်ဆောင်မှုများကို e-Commerce လုပ်ငန်းများ၊ Online ဖြင့်ဆောင်ရွက်လျက်ရှိသည့် SME/ MSMEs များမှ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပူးတွဲပါပုံစံတွင် ဖြည့်စွက်၍ [email protected] သို့ ပေးပို့နိုင်ပါရန်နှင့် အသေးစိတ်အချက်အလက်များကို သိရှိ လိုပါက ၀၆၇-၄၀၈၆၇၀/ ၀၆၇-၄၀၈၄၅၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U

Global News Read 547 times