တရုတ်နိုင်ငံ နည်းပညာ မဟာလုပ်ငန်းရှင်ကြီးများ  'ဘုံကြွယ်ဝမှု' အတွက် ဒေါ်လာ ၁၄ ဘီလီယံ လှူဒါန်း


21 November, 2022

တရုတ်နိုင်ငံ နည်းပညာ မဟာလုပ်ငန်းရှင်ကြီးများ  'ဘုံကြွယ်ဝမှု' အတွက် ဒေါ်လာ ၁၄ ဘီလီယံ လှူဒါန်း


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

တရုတ်နိုင်ငံ၏ နည်းပညာကုမ္ပဏီကြီး ၃ ခုမှ တည်ထောင်သူများသည်  ပရဟိတလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်စီ လွန်ခဲ့သည့်နှစ်အတွင်း ကတိပြုခဲ့ကြသည်။

.

အစိုးရ မူဝါဒ 'ဘုံကြွယ်ဝမှု' အတွက် ပါဝင်လှူဒါန်းကြရန် နှိုးဆော်မှုကြောင့် လှူဒါန်းမှု ပမာဏ စံချိန်တင် များပြားသည်။

.

ဘုံကြွယ်ဝချမ်းသာမှုသည် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက် မကြာမီ ၁၉၅၀ ခုနှစ်များတွင် စည်းစိမ်ဥစ္စာ ဖြန့်‌ေဝရေး အယူအဆအဖြစ် ပထမဆုံး ပေါ်ပေါက်လာခဲ့သည်။

အရင်းရှင်စနစ်နှင့် စီးပွားရေး လွတ်လပ်ခွင့်များကို တရုတ်က စမ်းသပ်ခဲ့သည့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် တစ်ကြိမ်ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

ယခု သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် ဒုတိယအကြိမ် ပြန်လည်ပေါ်ထွက်လာသည်။

.

Hurun China Philanthropy List 2022 မှတ်တမ်းစာရင်းအရ ၂၀၂၁ ခုနှစ် ဧပြီလမှ ဩဂုတ်လကုန်အထိ ယွမ် သန်း ၁၀၀ အထက်  အသီးသီး ပေးလှူခဲ့ကြသော အလှူရှင် ၄၉ ဦး ရှိသည်။ စုစုပေါင်း ပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ဝန်းကျင် ရှိသည်။

 .

စာရင်း ထိပ်ဆုံး ၃ ဦးမှာ နည်းပညာ မဟာလုပ်ငန်းရှင်ကြီးများ ဖြစ်ကြသည်။

.

"သူတို့က  'ဘုံကြွယ်ဝမှု' အတွက် လက်သွက်သွက်ဖြင့် လှူဒါန်းခဲ့ကြပါတယ်" ဟု Hurun မှ သုတေသီအကြီးအကဲ Repert Hoogewerf က ပြောကြားသည်။

 

 .

JD.com, Inc. ကို Jingdong ဟုလည်း သိကြပြီး နိုင်ငံတကာတွင် Joybuy အမည်ဖြင့် သိကြသည်။ ယခင်အမည်ဟောင်းမှာ 360buy ဖြစ်သည်။ တရုတ်နိုင်ငံမှ e-commerce ကုမ္ပဏီတစ်ခုဖြစ်ပြီး ပေကျင်းတွင် ရုံးချုပ်ထားရှိသည်။

JD.com တည်ထောင်သူ ဘီလီယံနာ  Richard Liu Qiangdong သည် ကမ္ဘာ့ ၁၄၉ ဦးမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး Forbes ၏ အဆိုအရ ခန့်မှန်းခြေ အသားတင် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၁.၈ ဘီလီယံ ရှိသည်။ သူသည် 

ဖြင့် တရုတ်နိုင်ငံ၏ စေတနာ အထက်သန်ဆုံး အလှူရှင် ဖြစ်လာပြီး အမေရိကန် ဒေါ်လာ ၂.၀၅ ထရီလီယံကို ပထမဆုံးအကြိမ် လှူဒါန်းခဲ့သည်။

Liu က JD.com မှ သူပိုင်ဆိုင်သည့် Class B ရှယ်ယာ ခုရေ ၆၂.၃၈ သန်းကို ပရဟိတဖောင်ဒေးရှင်းတစ်ခုသို့ လှူဒါန်းခဲ့သည်။ စီအီးအို ရာထူးကိုလည်း စွန့်လွှတ်ခဲ့သည်။ 

.

 

Meituan ၏ ယခင်အမည်မှာ ပေကျင်းတွင် ရုံးချုပ်ထားရှိသည်။ တရုတ်ပြည်မှ ဈေးဝယ်ပလက်ဖောင်းတစ်ခုဖြစ်ပြီး ပြည်တွင်းဖြစ် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ဝယ်ယူနိုင်သည့် ပလက်ဖောင်းဖြစ်သည်။ 

ဖျော်ဖြေရေး၊ အစားအသောက်၊ အိမ်တိုင်ရာရောက် ပို့ဆောင်မှု၊ ခရီးသွားနှင့် အခြားဝန်ဆောင်မှုများအပါအဝင် လက်လီအရောင်း ဝန်ဆောင်မှုများလည်း ရနိုင်သည့် ပလက်ဖောင်းလည်း ဖြစ်သည်။

Forbes ၏ ဖော်ပြချက်အရ Meituan ၏တည်ထောင်သူနှင့် စီအီးအို Wang Xing သည် အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံ တန်ဖိုးရှိသည်။

လှူဒါန်းမှုတွင် ဒုတိယအများဆုံးဖြစ်သည်။ အမေရိကန်ဒေါ်လာ ၂.၀၃ ဘီလီယံ လှူဒါန်းခဲ့သည်။

တရုတ်ပြည် အစားအသောက် အိမ်တိုင်ရာရောက် ပေးပို့သည့် ဝန်ဆောင်မှုကဏ္ဍကို ကြီးစိုးထားသော Meituan ၏ ရှယ်ယာခုရေ ၅၇ သန်းကို သူထူထောင်သည့် ပရဟိတဖောင်ဒေးရှင်းသို့ ၂၀၂၁ ဇွန်လတွင် လှူဒါန်းခဲ့သည်။

အိမ်တိုင်ရာရောက် ပေးပို့သည့် ဝန်ဆောင်မှုကဏ္ဍကို လက်ဝါးကြီးအုပ်ထားသည့်အတွက် အစိုးရက ဒဏ်ကြေး ယွမ် ၃.၄၄ ဘီလီယံ ပြစ်ဒဏ်စီရင်ခဲ့သည်။

.

 

စမတ်ဖုန်းထုတ်လုပ်သူနှင့် အီလက်ထရွန်းနစ် အိမ်သုံးပစ္စည်း အမျိုးစုံ ထုတ်လုပ်သည့်  Xiaomi ၏ ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Lei Jun သည် အလှူငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။

Forbes ၏ အဆိုအရ ကမ္ဘာ့အဆင့် ၂၁၄ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံ ရှိသည်။

Lei သည် ကုမ္ပဏီ၏ ရှယ်ယာခုရေ ၃၀၈ သန်းကို Xiaomi Foundation သို့ ၂၀၂၁ ဇူလိုင်လတွင် လှူဒါန်းခဲ့သည်။

.

အလှူရှင်များ Top 10 list

 

 

 

Source SCMP

 

Global News Read 71 times