ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ဗီယက်နမ်ဒေါင် အကျကြမ်း


18 September, 2022

ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ဗီယက်နမ်ဒေါင် အကျကြမ်း

အမေရိကန် ဒေါ်လာ ဆက်လက်အားကောင်းနေခဲ့ရာ စနေနေ့(စက်တင်ဘာ ၁၇)တွင် ဗီယက်နမ်ငွေကြေးနှင့်  ငွေလဲနှုန်းတွင် သမိုင်းတစ်လျှောက်  အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

 

ဗီယက်နမ် ဗဟိုဘဏ်ဖြစ်သော State Bank of Vietnam (SBV) က စနေနေ့နံနက်တွင် ဗီယက်နမ်ဒေါင်အတွက် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းအတွက် ရည်ညွှန်းနှုန်းကို VND 23,283 သတ်မှတ်ခဲ့သည်။ သောကြာနေ့နှင့် တူညီပြီး ယခုအပတ်အစောပိုင်းထက် VND50 ပိုများသည်။

ကူးသန်းရောင်းဝယ်ရေးဘဏ်များတွင် ဗီယက်နမ်ဒေါင်သည် သမိုင်းတစ်လျှောက် အနိမ့်ဆုံးသို့ ရောက်ရှိပါသည်။


ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးဘဏ် တစ်ခု ဖြစ်သည့် Vietcombank သည်  အမေရိကန်တစ်ဒေါ်လာကို VND 23,795 ဖြင့် ရောင်းချခဲ့သည်။ ယခုနှစ် အစပိုင်း ငွေလဲနှုန်းထက်  ၃.၈ ရာခိုင်နှုန်းကျော်အထိ မြင့်တက်သည်။

ထိပ်တန်းပုဂ္ဂလိကဘဏ် Techcombank ငွေလဲနှုန်းမှာ VND23,810 ဖြစ်သည်။
Eximbank က VND23,790 ဖြစ်ပြီး Sacombank က VND23,967 ဖြစ်သည်။

SBV သည် ဗီယက်နမ်ဒေါင်အား ရည်ညွှန်းနှုန်း၏ အထက်နှင့်အောက်တွင် 3% အတွင်းတွင်သာ ရောင်းဝယ်ရန် ခွင့်ပြုထားသည်။ ရည်ညွှန်းနှုန်းကို နိုင်ငံခြားသုံးငွေ ၈ မျိုးအပေါ် အခြေပြုပြီး နေ့စဉ် သတ်မှတ်ပေးပါသည်။
Source vnexpress
#MyanmarIndustriesGuide 
Telegram Channel  https://t.me/Guid4U

Banking & Loan Read 14179 times