ဗဟိုဘဏ် ရည်ညွှန်းဈေးကို အလယ်မှာ ထားပြီး နိုင်ငံခြားငွေရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက် သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီးနောက် နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၂၀၀၀ ပတ်လည်ဖြင့် ရောင်းချနေကြတာကို ဈေးနှုန်းကြေညာချက်များ အရ သိရပါတယ်။
ဗဟိုဘဏ် ရည်ညွှန်းဈေးကို အလယ်မှာ ထားပြီး နိုင်ငံခြားငွေရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက် သတ်မှတ်ခြင်းကို ပယ်ဖျက်ကြောင်း ဗဟိုဘဏ်က စက်တင်ဘာ ၁၁ ရက်နေ့ စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စက်တင်ဘာ ၁၂ ရက် တနင်္ဂနွေနေ့မှ စတင်ကာ နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကျပ် ၂၀၀၀ ပတ်လည်ဖြင့် ရောင်းချလာကြတာ ဖြစ်ပါတယ်။ တစ်ဒေါ်လာကို ကျပ် ၂၀၅၀ အထိ စံချိန်တင်မြင့်တက်ခဲ့တာ တွေ့ရပါတယ်။
ယနေ့ စက်တင်ဘာလ ၁၃ ရက်တွင် ဗဟိုဘဏ်မှ ဒေါ်လာ သိန်း ၁၅၀ ကို ပျမ်းမျှငွေလဲနှုန်း ၁၇၅၀ ကျပ်ဖြင့် ရောင်းချခဲ့ပါတယ်။
ယနေ့ စက်တင်ဘာလ ၁၃ ရက်တွင်လည်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၂၀၀၀ ပတ်လည်ဖြင့် ဈေးဖွင့် ရောင်းချကြပြီး ဒေါ်လာဈေးက ကျပ် ၁၉၉၀ အထိ ပြန်ကျသွားခဲ့ပါတယ်။
ယနေ့ အခေါက်ရွှေဈေးနှုန်းများ
စက်တင်ဘာလ (၁၃) ရက်
အကယ်ဒမီမီးလင်းရွှေဈေး
===================
နေ့လယ်ပိုင်း (12:10) PM
1,836,000
နေ့လယ်ပိုင်း (1:00) PM
1,840,000
ညနေပိုင်း (2:40) PM
အပိတ်ဈေး
1,855,000