အောက်တိုဘာ ၈ ရက် တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၂၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းသွားကြောင်း သိရပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းနေခဲ့တာမှာ စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်ကျဆင်းခဲ့ပါတယ်။
အောက်တိုဘာ ၈ ရက်
နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ
ယူရို ၂၄၀၀ ကျပ်၊
စင်ကာပူဒေါ်လာ ၁၄၇၀ ကျပ်၊
မလေးရှားရင်းဂစ် ၄၅၀ ကျပ်၊
ထိုင်းဘတ် ၆၂ ကျပ် လို့ သိရပါတယ်။
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တရုတ်ငွေလဲလှယ်နှုန်း ယွမ် ၁၀၀ ကို မြန်မာကျပ် ၃၀,၀၀၀ အထိ ပြန်လည်ကျဆင်းလာတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၈ ရက် တစ်ရက်တည်း ယွမ် ၁၀၀ ကို မြန်မာငွေကျပ် ၄ သောင်းအထိ ဈေးရောက်ရှိခဲ့ပြီးနောက်ပိုင်း ကျပ် ၃၃၀၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့တာလို့ သိရပါတယ်။
စက်တင်ဘာလအတွင်းက တရုတ်ငွေယွမ် ၁၀၀ကို မြန်မာငွေ ၂၈၀၀၀ ဝန်းကျင်ကနေ ၄၀၀၀၀ ကျပ်အထိ ရက်ပိုင်းအတွင်း ဈေးတက်သွားတာဖြစ်ပြီး စက်တင်ဘာ ၂၈ရက်နောက်ပိုင်းကနေ အောက်တိုဘာ ၈ ရက်အထိ ယွမ် ၁၀၀ကို ၃ သောင်းကျပ်သာ ရရှိတော့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၈ ရက်တွင် ကမ္ဘာ့ရွှေစျေးဒေါ်လာ ၁၇၅၄ ဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေစျေးနှုန်းမှာ ကျပ် ၁၈၉၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း သိရပါတယ်။
၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁၈၉၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၇၄၁၀၀၀ ဝန်းကျင်ရှိနေကြောင်း သိရပါတယ်။
အောက်တိုဘာ ၈ ရက်
အကယ်ဒမီ မီးလင်းရွှေ အဖွင့်အပိတ်ဈေးနှုန်းများ
မနက်ပိုင်း ၁၁ နာရီ ၃၇ မိနစ် အဖွင့်ဈေး
ကျပ် ၁,၉၁၀,၀၀၀
နေ့လယ်ပိုင်း ၁၂ နာရီ ၅ မိနစ်
ကျပ် ၁,၈၈၅.၀၀၀
နေ့လယ်ပိုင်း ၁နာရီ ၂၅ မိနစ်
ကျပ် ၁,၈၉၀,၀၀၀
ညနေပိုင်း ၂ နာရီ ၄၅ မိနစ် အပိတ်ဈေး
ကျပ် ၁,၈၉၁,၀၀၀
Source: news-eleven.com, YGEA, DVB