ငွေဈေးနှုန်းမြင့်မားမှုအပေါ် ထိန်းသိမ်းကြပ်မတ်ရေး ဗဟိုဘဏ် အစည်းအဝေးကျင်းပ


08 October, 2021

နိုင်ငံခြားငွေဈေးနှုန်းမြင့်မားမှုအပေါ် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရေး ဗဟိုဘဏ် အစည်းအဝေးကျင်းပခဲ့ပါသည်။ 

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၇ ရက် တွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံခြားငွေဈေးနှုန်းမြင့်မားမှုအပေါ် ထိန်းသိမ်းကြပ် မတ် ဆောင်ရွက်ရေးအစည်းအဝေးအား ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့ တက်ရောက် ကြောင်း သိရှိရပါသည်။

အစည်းအဝေးတွင် အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်ခြင်းကိစ္စရပ်နှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်

  • သွင်းကုန်များပံ့ပိုးဆောင်ရွက် ပေးခြင်း၊ ကန့်သတ်တားမြစ်ခြင်း အပိုင်းကဏ္ဍများအား ဆောင်ရွက်လျက်ရှိကြောင်း၊ 
  • အထူးသဖြင့် ဇိမ်ခံပစ္စည်း တင်သွင်းမှုများအား လျော့ချစေပြီး ကုန်စည်အချို့ကို တစ်မယ်ချင်းအလိုက်ခွဲထုတ်၍ သွင်းကုန်လိုင်စင် လျှောက်ထားစေပါကြောင်း၊ 
  • တရုတ်-မြန်မာနယ်စပ်တွင် ကုန်စည်တင်ပို့ တင်သွင်းခြင်းများ ရပ်ဆိုင်းထားသည့်အချိန်တွင် တရုတ်ယွမ်ငွေ ဈေးနှုန်းမြင့်တက်ခြင်းသည် မဖြစ်သင့်ပါကြောင်း၊ 
  • နိုင်ငံခြားငွေ ဈေးနှုန်းမြင့်တက်ခြင်း၏ အဓိကအကြောင်းရင်းများတွင် ဈေးနှုန်းမြင့်တက်စေရန် ရည်ရွယ်၍ မဟုတ်မမှန် သတင်းလွှင့်မှုများကြောင့်ဖြစ်ကြောင်း၊ 
  • ထိုသို့ မထီမဲ့မြင် ဆောင်ရွက်နေမှုများ၊ မဟုတ်မမှန် သတင်းလွှင့်သူများအား စိစစ်ဖော်ထုတ်၍ ဥပဒေ နှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း
    ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သာမန်ရိုးသားစွာဆောင်ရွက်နေသူများ ပူပင်မှုရှိရန် မလို

(၆-၁၀-၂၀၂၁)ရက်နေ့တွင် ပြင်ဆင်ခဲ့သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၁ ပါ ကိစ္စရပ်နှင့်ပတ်သက်၍ “မည်သူမဆို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ ၊စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများတို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ခြင်းမပြုရ။” ဟု ဖော်ပြခြင်းသည် စည်းကမ်းစနစ်တကျ လိုက်နာမှုမရှိသောကိစ္စရပ်များ အားလုံး အတွက် အကျုံးဝင်ပါကြောင်း၊ သာမန်ရိုးသားစွာဆောင်ရွက်နေသူများ ပူပင်မှုရှိရန် မလိုကြောင်း၊ နိုင်ငံခြားငွေဈေးနှုန်းများ မတည်ငြိမ်မှုဖြစ်စေနိုင်သည့် အကြောင်းအရာများနှင့် ဆက်စပ်မှုရှိသောကိစ္စရပ်များအား အရေးယူနိုင်ရန် စီစဉ်မှုဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ရက်ပေါင်း(၃၀) 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေ အဝင်/အထွက်စာရင်းများအား အခြေခံ၍ မလိုလားအပ်သောလွှဲပြောင်းပေးချေမှုများအားစိစစ်ခြင်း၊ဘဏ်များအနေဖြင့်အချက်အလက်များအား စည်းကမ်းနှင့်အညီ စစ်ဆေးဆောင်ရွက်ခြင်းကိစ္စရပ်များ၊ ပို့ကုန်ရငွေအား ရက်(၃၀) ထက် မကျော်လွန်ရန် စစ်ဆေးစောင့်ကြည့်မှုစနစ်များ၊ (၃-၁၀-၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ်(၃၅/၂၀၂၁)အရ ပို့ကုန်ရငွေအားလုံး အကျုံးဝင်သဖြင့် ဘဏ်များသို့ ရောင်းချပေးရန် ကိစ္စရပ်များ၊ ဘဏ်များမှရောင်းချပေးခြင်းကို ဝယ်ယူသူများသည် သုံးစွဲရန်မဟုတ်ဘဲ လက်ဝယ်ထိန်းသိမ်းထားရှိသူများ ဟုတ်/မဟုတ် စိစစ်ရန်ကိစ္စရပ်များ၊ ပို့ကုန်ရငွေများ သတ်မှတ်ကာလအတွင်း ပြန်လည် မရောက်ရှိသောကုမ္ပဏီများအား တရားစွဲအရေးယူရန်အတွက် ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စရပ်များရက်ပေါင်း(၃၀)အတွင်း ရောင်းချသုံးစွဲရမည့် ပို့ကုန်ရငွေအား စိစစ်သည့်အခြေအနေများနှင့် ဈေးနှုန်း မြင့်တက်ရန်/ထိန်းသိမ်းရန် ဆောင်ရွက်သည်ဟု ယူဆရ နိုင်သော Bank Account များအား စိစစ်ရန်ကိစ္စရပ်များ၊ ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ လိုအပ်ချက် များအတွက် ဘဏ်များသို့ Auction ဖြင့် ရောင်းချပေးခြင်း၊ အစိုးရအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေ လိုအပ်ချက်များအား ဘဏ်များမှတစ်ဆင့် ဖြည့်ဆည်းရောင်းချပေးခြင်းနိုင်ငံခြား ငွေလိုအပ်ချက် ရှိသော ဘဏ်များသို့ ကာလတိုချေးငွေ ( Swap Facility) ဆောင်ရွက်ပေးမှုများ အား ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Soure: CBM
 

Banking & Loan Read 4421 times