ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ၃၈ ဘတ်အထိ ကျဆင်းမည်ဟု ခန့်မှန်း


25 September, 2022

ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ၃၈ ဘတ်အထိ ကျဆင်းမည်ဟု ခန့်မှန်း

အမေရိကန် ဗဟိုဘဏ်  Federal Reserve သည် မာမာထန်ထန် ငွေကြေးမူဝါဒကို ကျင့်သုံးနေသောကြောင့် ထိုင်းဘတ်ငွေတန်ဖိုးသည် ယခုနှစ်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၈ ဘတ်သို့ ကျဆင်းသွားနိုင်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းကြသည်။


Kasikornbank (KBank) မှ အရင်းအနှီး စျေးကွက် သုတေသန အကြီးအကဲ Kobsidthi Silpachai က ဘတ်ငွေသည် လာမည့်လအတွင်း အစိမ်းနှင့် ငွေလဲနှုန်းတွင်  ၃၆.၅၀~၃၈ ဘတ်အထိ ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

Federal Reserve က အတိုးနှုန်း မြှင့်တင်ခြင်းကြောင့် ဒေါ်လာသည် ဘတ်ငွေအပါအဝင် အခြားငွေကြေးများနှင့် နှိုင်းယှဉ်ပါက တန်ဖိုး မြင့်တက်သည့် ရလဒ် ဖြစ်ပေါ်သည်ဟု ၎င်းက ပြောကြားသည်။

ကမ္ဘာတစ်ဝှမ်းရှိ ငွေဈေးကွက်များနှင့်အညီ ဘတ်ငွေသည်လည်း အလွန်အမင်း မငြိမ်မသက်ဖြစ်ဖွယ်ရှိကြောင်း Mr Kobsidthi က ပြောကြားသည်။

ထိုင်းနိုင်ငံ ဗဟိုဘဏ် Bank of Thailand မှ ငွေကြေးမူဝါဒ ကော်မတီ Monetary Policy Committee (MPC) သည် လာမည့်သီတင်းပတ် အစည်းအဝေးတွင် လက်ရှိ ၀.၇၅% ကို အခြေခံ ဒသမ ၂၅ တိုးမြှင့်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။
နှုန်းထား တိုးမြှင့်ခြင်းကြောင့် လာမည့်သီတင်းပတ်တွင် ဘတ်သည် အားကောင်းနေပြီး တစ်ဒေါ်လာ ၃၇ ဘတ်သို့ ပြန်မြင့်တက်လိမ့်မည်။
ထို့နောက် ဒေါ်လာ မာနေသဖြင့် ဘတ် အားပျော့ပြီး ပြန်ကျဆင်းလိမ့်မည်ဟု သူက ပြောသည်။


KBank မှ ဘတ်ငွေသည် ခရီးသွားလုပ်ငန်း ၀င်ငွေကြောင့် ယခုနှစ်နှောင်းပိုင်းတွင် ပြန်လည်အားကောင်းလာမည်ဟု ခန့်မှန်းထားပြီး  ၂၀၂၂  နှစ်ကုန်တွင် တစ်ဒေါ်လာလျှင် ၃၅ ဘတ်သို့ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

ထို့ပြင် MPC သည်နိုဝင်ဘာလအစည်းအဝေးတွင်  မှ မူဝါဒနှုန်းထားကို အခြေခံ ဒသမ ၂၅  တိုးမြှင့်လိမ့်မည်ဟု KBank က မျှော်လင့်ထားသည်။ ယခုနှစ်ကုန်တွင် ၁.၂၅% သို့ ရောက်ရှိလိမ့်မည်ဟု  Mr Kobsidthi က ပြောသည်။

 CIMB Thai Bank (CIMBT) ၏ သုတေသန စီးပွားရေး ပညာရှင် Amonthep Chawla က  ဒေါ်လာ အားကောင်းခြင်းကြောင့် တစ်ဒေါ်လာ
 ၃၈ ဘတ်သို့ ရောက်ရှိမည်ဟု ဘဏ်က ခန့်မှန်းထားကြောင်း ပြောကြားသည်။
CIMBT မှ Bank of Thailand သည် ၎င်း၏မူဝါဒအတိုးနှုန်းကို ၂၀၂၂ နှစ်ကုန်တွင် ၁.၇၅% သို့ တိုးမြှင့်မည်ဟု ယုံကြည်ကြောင်း၊ ထို့နောက် လာမည့်နှစ်အကုန်တွင် ၂.၅% သို့ရောက်ရှိသည်အထိ နှုန်းထားများ ပိုမိုတိုးမြင့်လိမ့်မည်ဟု ၎င်းက ပြောကြားသည်။


"ဗဟိုဘဏ် Bank of Thailand က Federal Reserve မြှင့်တင်တဲ့ အတိုးနှုန်းနှင့် လိုက်လျောညီထွေ ဖြစ်စေဖို့ ထိုင်းနှုန်းထားနှင့် Federal Reserve နှုန်းထားတို့အကြား ကွာဟချက် လျော့ကျအောင် တစ်ကြိမ်လျှင် အခြေခံ ဒသမ ၅၀ ဖြင့် ၂ ကြိမ် တိုးမြှင့်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ Bank of Thailand က နှုန်းထား တိုးမြှင့်တဲ့ ရွှေ့ကွက်က ဘတ်တန်ဖိုးကျတာ နှေးအောင် အထောက်အကူ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

 ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့က ၎င်းတို့၏ လက်ရှိငွေကြေးဖောင်းပွမှုကို ပစ်မှတ်ထားသည့် မူဘောင်အစား  နိုင်ငံခြားငွေလဲလှယ်နှုန်းကို ပစ်မှတ်ထားခြင်းဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းကို တည်တည်ငြိမ်ငြိမ် ရှိနေစေပြီး ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲဖို့ Mr Amonthep က အဆိုပြုပါသည်။
ပိုမိုခိုင်မာလာသည့် ဒေါ်လာသည် ဒေသတွင်းရှိ အခြားငွေကြေးများ အထူးသဖြင့် ယွမ်နှင့် ဘတ်ငွေတို့အပေါ် သက်ရောက်မှုရှိလိမ့်မည် ဟု ၎င်းက ဆိုသည်။

ငွေကြေးဖောင်းပွမှု မြင့်တက်လာ‌ေနခြင်းသည် ဗဟိုဘဏ်က မူဝါဒနှုန်းထားကို ဆက်လက်မြှင့်တင်စေသည့် အဓိကအချက်တစ်ချက်ဖြစ်ကြောင်း Mr Amonthep က ပြောကြားသည်။

CIMBT ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ယခုနှစ်တွင် ပျှမ်းမျှ ၆.၂% ရှိမည်ဖြစ်ပြီး လာမည့်နှစ်တွင် ၂.၆% သို့ ကျဆင်းသွားမည် ဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေသော်လည်း အဓိကအားဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ကောင်းမွန်လာမှုကြောင့်  စီးပွားရေးသည် ဆက်လက်နာလန်ထသင့်သည်ဟု CIMBT က ဆိုသည်။
Source Bangkokpost
#MyanmarIndustriesGuide 
To join Telegram Channel  https://t.me/Guid4U

 

Banking & Loan Read 25218 times