သွင်းကုန်လိုင်စင် ဝန်ဆောင်မှုရယူရန် လိုအပ်သော အချက်အလက်များ


20 March, 2018

သွင်းကုန် လိုင်စင် ဝန်ဆောင်မှု ရယူရန် ယူဆောင်လာရမည့် စာရွက်စာတမ်းများ သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် အောက်ပါ စာရွက်စာတမ်း အထောက်အထား များဖြင့် လျှောက်ထားနိုင်ပါသည်။

(၁) ကုမ္ပဏီ Letter Head မူရင်း လျှောက်လွှာ

(၂) ၆၀ဝိ /- ကျပ်တန် တံဆိပ်ခေါင်း ကပ်ပြီး သွင်းကုန်လိုင်စင် လျှောက်လွှာ (Online Print Out)

(၃) Invoice & Sale Contract မူရင်း

(၄) ဈေးနှုန်း နှင့် တန်ဖိုးများ မှန်ကန်ကြောင်း ဝန်ခံကတိပြုစာ

(၅) ဌာနဆိုင်ရာများ၏ ထောက်ခံချက် လိုအပ်သည့်သွင်းကုန်ပစ္စည်း အတွက် သက်ဆိုင်ရာဌာနများ၏   ထောက်ခံချက်


သွင်းကုန် ပစ္စည်းများ တင်သွင်းရန်အတွက် ထောက်ခံချက် ထုတ်ပေးသည့်ဌာနများ

-သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန၊သစ်တောဦးစီးဌာန ၊ သတ္တုတွင်းဦးစီးဌာန

-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ငါးလုပ်ငန်းဦးစီးဌာန

-ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန

-ပြန်ကြားရေးဝန်ကြီးဌာန

-ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာန၊ ရေကြောင်း ၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန ပြည်ထဲရေး ဝန်ကြီး ဌာန၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော

-ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့

-သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက် ရယူရန် လိုအပ်သော သွင်းကုန် ပစ္စည်းများ

-သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန၊သစ်တော ဦးစီး ဌာန

***သင်စိတ်ဝင်စားနိုင်သော အခြားစက်မှုလက်မှုဆိုင်ရာ အကြောင်းအရာများ***

ဝန်ဆောင်မှုပေးသည့် ရုံးတည်နေရာ ကုန်သွယ်ရေး ဦးစီးဌာန ပို့ကုန်၊သွင်းကုန် ရုံး(ရန်ကုန်) အပတ်စဉ် ရုံး ဖွင့်ရက်တွင် လျောက်ထားနိုင်ပါသည်။

How To Read 938 times