Disney အရုပ်ဘူးခွံ ရေမလုံသည့် အတွက် ဝေဖန်ခံရ


10 May, 2023

Disney အရုပ်ဘူးခွံ ရေမလုံသည့် အတွက် ဝေဖန်ခံရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဟောင်ကောင်၏ အကြီးဆုံး ကုန်စုံစတိုးဆိုင်ခွဲတွင် ရောင်းချသည့် Disney ထုတ်ကုန်သည် အရုပ်ကို တစ်ဖန် ပြန်လည်အသုံးပြု၍မရသော ပလတ်စတစ်ဘူးဖြင့် ထည့်ထားသည်။
Disney သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စောင့်ထိန်းရန် ပေးထားသည့် ကတိကဝတ်များကို လိုက်က်နာရန် ပျက်ကွက်သည်ဟု ဝေဖန်ကြသည်။
.
ဒစ္စနေသည် ထပ်ခါတလဲလဲခြင်း၊ ကုန်ကြမ်းအဖြစ်ပြန်လည်အသုံးပြုခြင်း သို့မဟုတ် ဆွေးမြေ့လွယ်သည့် ထုပ်ပိုပစ္စည်းများ သုံးစွဲမည်။ 
 ကုန်ကြမ်းအဖြစ် ပြန်သုံးရန် အနည်းဆုံး ၃၀% ပါဝင်သော ပလပ်စတစ်များကို အသုံးပြုမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးသော ထုပ်ပိုးပစ္စည်းများကို သုံးစွဲမည်ဖြစ်ကြောင်း ၎င်း၏ဝဘ်ဆိုက်တွင် ကတိပြုထားသည်။
.
ဟောင်ကောင်တွင် ရောင်းချနေသော အရုပ်များတွင် ရေဘူးအဖြစ် သုံးစွဲရန် ရည်ရွယ်ထားသည့် ပလတ်စတစ် အကြည်သား  အရုပ်ထည့်သည့်ဘူး ဖြစ်သည်။

၎င်းဘူးတွင် Disney မှ လိုင်စင်ရ ကုန်ပစ္စည်းစစ်စစ် ဖြစ်ကြောင်း အာမခံချက် ဖော်ပြထားသည်။ 
သို့သော် ကုန်ကြမ်းအဖြစ် တစ်ဖန်ပြန်သုံးထားသည့် ရာခိုင်နှုန်းကို မဖော်ပြပါ။ ဘူးခွံနှင့် အရုပ်အောက်ခြေအထိုင်တို့ကို မည်သည့်ပလတ်စတစ် သုံးစွဲထားကြောင်းလည်း မဖော်ပြပါ။
ဘူးခွံကို ဟောင်ကောင်မှ ကုမ္ပဏီ ဖြစ်သော Transform Water က ထုတ်လုပ်သည်။ 
"Disney 100" ဟု တံဆိပ်ကပ်ထားသည်။ Disney ရာပြည့်အထိမ်းအမှတ် ပစ္စည်းအဖြစ် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

 


.
ပြဿနာမှာ ရေဘူးအဖြစ် ပြန်လည်သုံးစွဲရန် ရေမလုံခြင်း ဖြစ်သည်။ 
ဘူးခွံကို တစ်ဖန်ပြန်လည်သုံးစွဲရန် သတိပေးထားသည်။
ဘူး‌အောက်ခြေမှ အရုပ်ကို ထုတ်ယူပြီးလျှင် ဘူးအောက်ခြေကို ပြန်ပိတ်ပြီး ရေဖြစ်စေ၊ အရည်ဖြစ်စေ ထည့်ရန် တစ်ဖန်ပြန်လည်သုံးစွဲစေလိုခြင်း ဖြစ်သော်လည်း ဘူးအောက်ခြေမှ အရုပ်အောက်ခြေအထိုင်သည် ရေလုံအောင် ပိတ်ပေးထားနိုင်ခြင်း မရှိချေ။
သို့ဖြစ်ရာ တစ်ဖန်ပြန်လည်သုံးစွဲခြင်းကို "ဟန်ပြ" အဖြစ်သာ စာကပ်ထားခြင်း ဖြစ်နေသည့်အတွက် ဝေဖန်ခံ‌နေရသည်။
Source koreatimes 
 

Global News Read 351 times