ဒီဂျစ်တယ်ပြောင်းလဲမှုအတွက် ပြင်ဆင်ခြင်း သင်တန်းဖွင့်မည်


17 August, 2020

ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ “လာမည့်(၅)နှစ်အတွင်း စီးပွားရေးလုပ်ငန်းများ၏ ၁၀ ရာခိုင်နှုန်းကို ဒီဂျစ်တယ်အသွင် ကူးပြောင်းနိုင်ရေး” ရည်မှန်းချက်ကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် လက်ရှိကာလတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေပြီး အငယ်စား၊အသေးစား နှင့် အလတ်စားပွားရေးလုပ်ငန်းများသည် မိမိတို့ လုပ်နေကျ ပုံမှန်လုပ်ငန်းစဥ်အတိုင်းမဟုတ်ပဲ တခြားနည်းလမ်းများဖြင့် ၎င်းတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသူများဆီ ပို့ဆောင်ပေးနေရသည်။ သို့ဖြစ်ပါ၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊

Impact Hub Yangon နှင့် FNF Myanmar တို့ ပူးပေါင်း၍ MSME လုပ်ငန်းရှင်များအတွက် ဒီဂျစ်တယ်နည်းလမ်းများကိုအသုံးပြု၍ ရောင်းဝယ်ခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် ငွေပေးချေခြင်းများကို ဆောင်ရွက်လာနိုင်စေရန်၊ Email, Website & Domain များကို ကျွမ်းကျင်စွာအသုံးပြုလာနိုင်စေရန်နှင့် Data Analytic, Cloud Services စသည့် ဒီဂျစ်တယ်နည်းပညာအသုံးပြုနည်းစနစ်များကို သင်ကြားပေးမည့် “Digital Readiness Program for MSMEs in Myanmar” ( ဒီဂျစ်တယ်ပြောင်းလဲမှုအတွက် ပြင်ဆင်ခြင်း) Program ကို ပို့ချသွားရန် စီစဉ်ဆောင်ရွက်သည့် သင်တန်း ဖြစ်သည်။

ဤအစီအစဉ်တွင် ပါဝင်သူများသည် ပထမအဆင့်အနေဖြင့် Digital Marketing ၊ Ecommerce ၊ Digital Payment စသည့် အမျိုးမျိုးသော ဒီဂျစ်ပိုင်းဆိုင်ရာ အွန်လိုင်းသင်တန်းများကို တက်ရောက်ရန် ရွေးချယ်ခံရမည် ဖြစ်သည်။

ဒုတိယအဆင့်တွင် ၎င်းတို့၏ လက်ရှိစီးပွားရေး တိုးတက်မှုအတွက် အကောင်းဆုံးဒီဂျစ်တယ်ပေါင်းစည်းမှုကို သက်ဆိုင်ရာကျွမ်းကျင်သူများနှင့် လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ တိုင်ပင်ဆွေးနွေးမှုတစ်ခုကို ပြုလုပ်နိုင်ခွင့်ရရှိမည်ဖြစ်သည်။ နောက်ဆုံးအဆင့်တွင် ဤအစီအစဥ်မှ စီးပွားရေးလုပ်ငန်းအတွက် ဒီဂျစ်တယ်နည်းလမ်းများ ထပ်ပေါင်းစပ်ရာတွင် အကောင်းဆုံး အကောင်အထည်ဖော်ပေးနိုင်မည့် မိတ်ဖက်များနှင့် ချိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။

 

အထက်ပါအစီအစဥ်တွင် ပါဝင်ရန် စိတ်ဝင်စားသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိရပါမည်။

၁) မြန်မာနိုင်ငံရှိ အငယ်စား၊အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ရမည်။

၂) ဒီဂျစ်တယ်အသွင်ပြောင်းနိုင်သော စီးပွားရေးလုပ်ငန်း (သို့မဟုတ်) စီးပွားရေးလုပ်င န်း၏တစ်စိတ်တစ်ဒေသ ဖြစ်ရမည်။

၃) Facebook, Viber တို့ ကို အသုံးပြုနိုင်ရမည်။

၄) အစီအစဥ်ပြီးဆုံးသည့် အချိန်ထိ ပါဝင်နိုင်သူဖြစ်ရပါမည်။

 

အစီအစဥ်တွင် ရွေးချယ်ခံရသည့် အငယ်စား၊အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ရန်ကုန်မှလွဲ၍ အခြားဒေသများမှဖြစ်ပါက အကြံပေးတိုင်ပင်ဆွေးနွေးမှုများသည် အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်သွားမည်ဖြစ်သည်။ ထိုသို့အသုံးပြုတတ်ရန်အတွက်လည်း သင်ကြားမှုပြုလုပ်ပေးမည်ဖြစ်သည်။ လျှောက်ထားသည့် အငယ်စား၊အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအားလုံးသည် လျှောက်လွှာပိတ်ရက်နောက်ပိုင်းတွင် လူတွေ့ (သို့မဟုတ်) အွန်လိုင်းမှ တစ်ဆင့် အင်တာဗျူးအဆင့်အားပြုလုပ်ရမည် ဖြစ်ပြီး ၎င်းနောက်စီးပွားရေး လုပ်ငန်းမျာအားစိစစ် ရွေးချယ်သွားမည် ဖြစ်သည်။

 

အထက်ပါအစီအစဥ်တွင် ပါဝင်ရန် စိတ်ဝင်စားသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် အောက်ပါ လင့်ခ်မှ တစ်ဆင့် ဝင်ရောက်၍ သက်ဆိုင်ရာ အချက်အလက်များကို ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာ ပိတ်ရက်မှာ စက်တင်ဘာလ ၁၃ ရက် ၂၀၂၀ ဟု သိရသည်။

လျှောက်ထားရန် လင့်ခ် : >> Click Here <<

Local News Tips Read 691 times