ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ပေးအပ်


08 February, 2023

ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ပေးအပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၊ ဒါရိုက်တာအဖွဲ့အစည်းအဝေးခန်းမ၌ ရောင်းချသူ ကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ပေးအပ်ခြင်း အခမ်းအနား ကို  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်  ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ဘဏ်ဝန်ဆောင်မှုနှင့် လက်လှမ်းမမှီသည့် နေရာ၊ ကဏ္ဍများအထိ ရယူအသုံးပြုနိုင်ရန်၊ ဘဏ်များနှင့်ပူးပေါင်း၍ ခရိုင်၊ မြို့နယ်များအထိ ဘဏ်များ၏ Network ကို ဖြန့်ကျက်ဆောင်ရွက်နိုင်ရန်၊  အများပြည်သူမှ QR Code ဖြင့် ပေးချေမှုများကိုလွယ်ကူစွာ အသုံးပြုနိုင်ရန် နှင့် ရောင်းသူနှင့်ဝယ်သူအကြား ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ကြားခံ အနေဖြင့် ကောက်ခံပေးသည့် တတိယအဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရန် ရည်ရွယ်၍ 

  • နေးချားလင့်ပေးကုမ္ပဏီလီမိတက် ( Brand Name - Trusty E-Commerce) ၊ 
  • ဇီကို ပေးကုမ္ပဏီလီမိတက် ( Brand Name - Zego Money ) နှင့် 
  • အင်တာနက်ဝေါလက်မြန်မာလီမိတက် (Brand Name - OK$) 

တို့အား ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့်ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ထုတ်ပေးခဲ့ပါသည်။

လိုင်စင်ရကုမ္ပဏီများ အနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု မရောက်ရှိသည့်နေရာ၊ ဒေသ၊ အလွှာစုံ၊ နယ်ပယ်စုံ၊ ဧရိယာစုံအထိ ဒီဂျစ်တယ်ငွေပေးချေမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ငွေသားကိုင်တွယ်သုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါသည်။
Source CBM

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 224 times