ဗဟိုဘဏ်မှ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် တွင်ကျယ်ရန် နေပြည်တော်တွင် ဆောင်ရွက်


07 January, 2023

ဗဟိုဘဏ်မှ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် တွင်ကျယ်ရန် နေပြည်တော်တွင် ဆောင်ရွက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဗဟိုဘဏ်မှ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် တွင်ကျယ်ရန် နေပြည်တော်တွင် ဆောင်ရွက်နေခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာသည်ကို ဖော်ပြအပ်ပါသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်း

၁။       မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေပေးချေမှုနည်းလမ်းအမျိုးမျိုး အပြန်အလှန်ချိတ် ဆက်ပေးချေနိုင်သော ဒီဂျစ်တယ်ငွေပေးချေမှုစနစ်အား အများပြည်သူများ သိရှိအသုံးပြုမှုများ ပြားလာစေရေးနှင့် ငွေသားသုံးစွဲမှုလျော့ချနိုင်ရေး အစဉ်ကြိုးပမ်းလျက်ရှိရာ (၇၅) နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့ အထိမ်းအမှတ်ကာလအတွင်း အခမ်းအနားကျင်းပရာနေရာများတွင် ဒီဂျစ်တယ်စနစ်ဖြင့်ပေးချေနိုင်ရေး ဘဏ်များ၊ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများအား ဦးဆောင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂။       ယခုအခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် အများပြည်သူများ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို တွင်ကျယ်စွာအသုံးပြုလာနိုင်စေရေး နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် (၄-၁-၂၀၂၃)ခုနှစ်မှ စတင်ပြီး ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် Nature Link Pay Company Limited (Trusty E-Commerce) နှင့် Zego Pay Company Limited (ZegoMoney) တို့မှ (၇၅)နှစ်မြောက်စိန်ရတုလွပ်လပ်ရေးနေ့ အထိမ်းအမှတ်ပြပွဲများ ကျင်းပရာနေရာတွင်လည်းကောင်း၊ ဧရာဝတီဘဏ်လီမိတက်( AYA Pay) နှင့် မြန်မာနိုင်ငံသားများဘဏ်( Citizen Pay) တို့မှ စိန်ဒေါင်းစတိုးတွင်လည်းကောင်း၊ မိုဘိုင်းငွေပေးချေမှုလုပ်ငန်းဆောင်ရွက်နေသော ကမ္ဘောဇဘဏ်လီမိတက်( KBZPay) ၊ ဧရာဝတီဘဏ်လီမိတက်( AYA Pay)၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်လီမိတက်( One Pay) ၊ဧရာဝတီတောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ်(A+Wallet)၊ မြန်မာနိုင်ငံသားများဘဏ်( Citizen Pay)၊ CB Bank PCL (CB Pay)၊ uab bank limited (uab pay)၊ ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်(MoMoney) နှင့် Internet Wallet Myanmar Limited (OK$) တို့မှ Junction Center တွင်လည်းကောင်း လက်ဆောင်များပေးခြင်း(  Gift Voucher) ၊ အရောင်းမြှင့်တင်ခြင်း (Promotion) များဆောင်ရွက်ခြင်း၊ အသုံးပြုမှုဆိုင်ရာ အသိ ပညာပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိပြီး (၈-၁-၂၀၂၃)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊ ပြည်သူများအနေဖြင့် ခေတ်မှီပြီး လုံခြုံစိတ်ချရ၍ စွမ်းဆောင်ရည်ပြည့်ဝသော ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တစ်ရပ်ပိုမိုအသုံးပြုလာနိုင်ပြီးလူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

                                                                    

Central Bank of Myanmar (Nay Pyi Taw)
Office No.55, Nay Pyi Taw
Position : Director
Phone : 95-67-418505
Email : [email protected]

Central Bank of Myanmar (Yangon Branch)
Office No. 26(A), Settmu Road, Yankin Township, Yangon.
Position : Deputy Director General
Phone : 95-1-543750
Email: [email protected]

Central Bank of Myanmar (Mandalay Branch)
Corner of 26th Street and 82nd Street, Aungmyay Thazan Township, Mandalay
Phone: 95 -2-4035642
Fax :    95 -2-4030025/4060602
Email : [email protected]
 

Banking & Loan Read 350 times