ကုမ္ပဏီ ၂ ခုကို အမည်ပျက်စာရင်း ထည့်သွင်းကြောင်း အသိပေး ကြေညာ


31 October, 2023

ကုမ္ပဏီ ၂ ခုကို အမည်ပျက်စာရင်း ထည့်သွင်းကြောင်း အသိပေး ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီ ၂ ခုကို အမည်ပျက်စာရင်း ထည့်သွင်းကြောင်း အသိပေး ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။


အသိပေးကြေညာခြင်း

၁။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်း မှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ . ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော . လုပ်ငန်းခွင်နှင့်သက်ဆိုင်သည့် အစိုးရဌာန၊အဖွဲ့အစည်းများမှချမှတ်ထားသော အခြားတည်ဆဲဥပဒေနှင့်နည်းဥပဒေများ လိုက်နာခြင်း မရှိကြောင်း တွေ့ရှိရပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိစေနိုင်ရန် ကြေညာသွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။ အောက်ဖော်ပြပါ ကုမ္ပဏီ ၂ ခု သည် ဆောက်လုပ်ရေးလုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ခြင်း မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၃၀/၂၀၂၃ ၏ ဆုံးဖြတ်ချက်များအရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ အမည်ပျက်စာရင်း(Black List) ထည့်သွင်းသတ်မှတ်ထားခြင်းကို သိရှိနိုင်ရန် အသိပေး ကြေညာအပ်ပါသည်-


 

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Read 465 times